Melancholia
ငါ့အခန်းထဲမှာ ဝမ်းနည်းမှုက ရေဒီယိုသတ္တိကြွ
ဘာအတွက်ကြောင့် ရှင်ကျန်ရမလဲ
အချိန်ကာလရဲ့ တကယ့်အလေးချိန်က အခုမှငါ့အပေါ် အပြည့်အဝဖိစီးတယ်
ထာဝရပျောက်ဆုံးသွားတဲ့သူတွေ
သူတို့ရဲ့မှတ်ဉာဏ်က ဓားရှည်တစ်လက်လို ငါ့ကိုထွင်းဖောက်သွားတယ်
အနှောင်အတားတွေနဲ့ ကမ္ဘာမှာ
ငါတို့ဘဝတွေ ဆက်သွားနေတယ်
တိုးတိတ်လှတဲ့ဒဏ်ရာကိုယ်စီ
နေ့ရက်တွေဟာ ငါ့ပုခုံးပေါ်မှာ တဖြည်းဖြည်းလေးပင်လာတယ်
ငါဘယ်လိုနေရမှာ
လဆီဆန့်တန်းထားတဲ့ ငါတို့လက်ဖျားတွေ
ဘာအတွက်ကြောင့်များ တိတ်ဆိတ်သွား
မြစ်ပြင်ပေါ်ကလရိပ်မှာ အနာ
ဒီနေ့ဟာလည်း မနေ့တုန်းကအလင်းအတိုင်း
ဝမ်းနည်းမှုက ငါ့အခန်းထဲ အပိုင်းတွေအစတွေလို
တစ်စချင်းဖြာကျတယ်
ပိုင်ဉာဏ်
2nd November, 2014
Comments
Post a Comment