ငါ pandora box ကို ဖွင့်လိုက်မိတယ်။ နောက်နေ့မနက်

လက်လွှတ်လိုက်ပါတယ်ဆိုတော့ ဒီအခန်းဆက် paradox မှာ ငါ့အမြဲတမ်းရှိနေမယ် စိတ်ကျ လွတ်ပြေး ဖြစ်သင့်နေတယ်ဆိုတာ ယုံကြည်ပါ ဆူညံပေါက်ကွဲတဲ့ဂစ်တာသံစူးစူးအောက် ဒီမျက်ဝန်းတွေပဲ ဘယ်သူမှသတိမထားခဲ့တာ ဘယ်သူမှသတိမရခဲ့တဲ့ ငါအခုတကယ်ထွက်သွားဖို့လိုက်နေပြီ ဒီကမ္ဘာကစောက်ရူးပဲ ငါစောက်ရူးတစ်ကောင်လို သိမ်မွေ့ခဲ့ကြောင်း မင်းကိုသိစေချင်တာ နှင်းစက်တွေအောက်ကဝိညာဉ်လို နေရောင်တန်းတွေအောက်ကဝိညာဉ်လို အောက်ပြုတ်ကျသွားတဲ့ swiss_army_knife အောက်ကိုနိမ့်ဆင်းသွားတဲ့ ငါ့နှလုံးသား မြို့ကိုလှမ်းကြည့်တော့ ညဟာ တောက်တောက်ပပလောင်ကျွမ်းနေ ငါဘယ်သူလဲဆိုတာ မျှော်လင့်ချက်ကင်းမဲ့နေတဲ့တစ္ဆေမှာ အကူအညီလိုအပ်သူတိုင်း ဒီမျက်ဝန်းတွေကိုတွေ့ရတယ် ငါတစ်ယောက်တည်းတိုက်ခိုက်နေ ငါမင်းကိုပဲစဉ်းစားနေခဲ့တာ လက်ရှိဒဏ်ရာ နေ့တွေတိုင်းညတွေတိုင်း ပျံသန်းရောက်ရှိလာတဲ့နာကျင်မှုတွေဟာ လှပတဲ့ပြဇာတ် အရာအားလုံးကြာခဲ့ပါပြီ သူတို့သာအချိန်မီသိခဲ့ရင် unconditional past ငါပြောဖြစ်မယ့်အရာတွေမင်းကိုပြောပြပါ့မယ် အမှောင်ထဲမှာကျရှုံးမသွားဖို့ အဆုံးစွန်တောက်လောင်ပြလိုက်ဖို့ ပန့်ရော့ခ်သီချင်းတွေကပဲ ငါ့အသက်ကိုဆွဲဆန့်ထားတာ သူတို့မကြောက်ခဲ့ကြပေမယ့် အရာအများကြီးဖြစ်ပျက်သွားတယ် ငါတို့လိုကောင်တွေကတော့ ဒီလိုနေရာမျိုးမှာထားခဲ့လည်း ငါမရောက်ရောက်အောင်ပြန်လာမှာ မနက်သုံးနာရီဆိုတဲ့အချိန်ဟာ ငါကဗျာစာသားတစ်ချို့ရွတ်လိုက်တယ် နှင်းစက်တွေအောက်ကတစ္ဆေလိုမျိုး ဖြတ်သန်းသွားတဲ့နေ့ရက်တိုင်းကို တစ်ချိန်ကျရင် ငါအယုံအကြည်ရှိတော့မှာမဟုတ်ဘူး ဒီလိုမျိုးဖြစ်သွားတဲ့အတွက် စောက်ရူးတစ်ယောက်ဆီ email ပို့ချင်ပို့လို့ရတယ် ညတွေရဲ့သိပ်သည်းဆ ပိုမိုခက်ခဲ့လာ ဒါဟာငါဘယ်လိုပျောက်ဆုံးသွားကြောင်း နောက်ဆုံး beacon ချာတိတ်ဘဝမှာ ချာတိတ်အလုပ်တွေလုပ်ခဲ့ပြီး ခုလည်းပဲ ချာတိတ်အလုပ်တွေပဲလုပ်ချင်နေတယ် ပုလင်းအဖုံးဖောက်ပြီး တစ်ငုံမော့လိုက်တော့ အတိတ်ဟာအတိတ်တွေထဲလွတ်မြောက် ငါ့ခါးပတ်ခေါင်းကခြင်္သေ့ကြီးလည်းစောက်ရူးပဲ အဆင့်မြှင့်တင်ထားတဲ့မျိုးဗီဇအရ ငါ့စိတ်နဲ့ငါ့ခန္ဓာဟာ မိုင်တွေအဝေးကြီး တိမ်တွေကင်းတဲ့ညကောင်းကင်မျိုးမှာ ငါမီးရှူးတစ်ခုလို ထိုးတက်သွားချင်တယ် ငါလက်နက်ချလိုက်ပါတယ် မင်းဘာကြောင့်မဖောက်ခွဲပစ်လိုက်သလဲ ငါ့တာဝန်ထားလိုက်ပါ ငါနားကိုမလည်ဘူး ဟိုခပ်ငယ်ငယ်တုန်းက ငါ့ကိုပြောခဲ့တဲ့စကားတွေ အညိုရောင်နွေရာသီတွေ ကမ္ဘာရဲ့တစ်နေရာရာမှာဖြစ်ဖြစ် ငါသွားသင့်ပါပြီ အရှိတရားကငါ့ကိုတရွတ်တိုက်ဆွဲခေါ်နေ ကောက်လှန်လိုက်တော့ တစ်ဆက်တစ်စပ်တည်းရှိနေတဲ့ဂျိုကာချပ် တစ်ချို့အချိန်တွေမှာ တအားကြွေကျရတယ် မင်းက ကမ္ဘာနဲ့ငါ့ကိုချိတ်ဆက်ထားတဲ့ဂျစ်ဆောချပ်လေး ကျိုးလွယ်ပဲ့လွယ်ခံစားမှုတွေအကြောင်း ငါ့ကိုပြောပြပါ ပြီးတော့ငါ့ကိုမြှပ်နှံပါ အချွန်အထက်များတဲ့ဘဝတွေ အရိပ်ခိုဖို့ကိုပဲ သေလောက်အောင်သေရတယ် ကမ်းနားမှာပြန့်ကျဲနေတဲ့ပြာစတွေဝန်ချ အနည်းဆုံးတော့ ငါတို့တွေက အမှုန်လိုလှိုင်းလိုကောင်တွေ

ဟိုးခပ်ငယ်ငယ်တုန်းက ငါ့ကိုပြောခဲ့တဲ့စကားတွေ
အညိုရောင်နွေရာသီတွေ
ကမ္ဘာရဲ့တစ်နေရာရာမှာဖြစ်ဖြစ်
ငါသွားသင့်ပါပြီ
အရှိတရားကငါ့ကို စောက်ရမ်းကြီး တရွတ်တိုက်ဆွဲခေါ်နေ

    ပိုင်ဉာဏ်
    3rd November, 2014

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်