Flare Drama

မြောက်ပင်လယ်မှာ ပျက်ကျသွားတဲ့ လေယာဉ်
မြောက်ပင်လယ်မှာ ပစ်ချခံလိုက်ရတဲ့ သိုးထိန်းလေယာဉ်
လေသူရဲဟာ ထွက်ခွာခါနီး ။ ဘုရားသခင်ကို နှုတ်ဆက်သွားတယ်
လေသူရဲဟာ သူ့ရဲ့မျှော်စင်ဆီ သတင်းပို့နေခဲ့တယ်
အရွယ်အစားတူ လေယာဉ်
အမျိုးအစားတူ လေယာဉ်
ပျောက်ဆုံးသွားတဲ့ ရဲဘော်ကို ။ ပစ်ချခံလိုက်ရတဲ့ ရဲဘော်က ။
ဒန်းကက်ဆုတ်ခွာမှုဟာ ဒီနေ့ကမ္ဘာကို ဖြစ်စေခဲ့တယ်
မေဒေး ။ မေဒေး ။ မေဒေး ။
အမြင့်ပေတွေ ခပ်မြန်မြန်ကြီး နိမ့်ဆင်းလာနေတယ်
ငါ့ ညာဘက်အတောင်ပံ ထိသွားပြီ I'm hit ! I'm hit!
ကမ္ဘာဟာ မီးခိုးတလူလူ ထွက်လာနေတယ်
ခေါင်းပေါ်တည့်တည့် ဇီးရိုးသံတွေ ဆူညံပွက်ရိုက် ။
လေကြောင်းရန်ကာကွယ်ရေး စနစ်သစ်ကို မိတ်ဆက်ပြသအပြီးမှာ
ဆက်သွယ်ရေးကွန်ရက်ကို ။ ဖြတ်တောက်လိုက် ။ ယူဘုတ်တွေ
ဝပ်ကျင်းထဲက အဆက်မပြတ် တိုးထွက်လာ
လူမှုရေးရာဘန်ကာတည့်တည့် ခွင်းဗုံးနှစ်လုံး အတည်ပေါက်ကြီး ကျဝင်ကွဲ
ကမ္ဘာလုံးဆိုင်ရာ ။ သင်္ကေတရုပ်ပြကာတွန်း ။ မီးခိုးတအူအူ
တိုက်ပွဲတွေက ပရော်ဖက်ရှင်နယ်
တစ်ချို့ရှင်ကျန်ခဲ့တယ် ။ တစ်ချို့ ။
ကျွန်တော်ပဲသိတဲ့ space တစ်ခုရှိတယ် - တည်တည်တန့်/တန့်
လေထုဖိအားဟာ လေယာဉ်နောက်မြီးတွေမှာ ပိုပါးလွှာမှန်း
တစ်ယောက်နဲ့ တစ်ယောက်ကြားက ချစ်ခြင်းမေတ္တာများစွာဖြင့်
မြောက်ပင်လယ်ထဲ လေယာဉ်ပျံတွေ စိုက်...စိုက်ဆင်းသွားတာ
ခင်ဗျားရဲ့ လူလုပ်အဝန်းအဝိုင်းအတွက် ဖတ်ကောင်းမယ့်ပြဇာတ်
ပစ်ချခံလိုက်ရမယ့် ရဲဘော်က ။ ပျောက်ဆုံးသွားမယ့် ရဲဘော်ကို ။


        ပိုင်ဉာဏ်
        20th March, 2013

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်