မှတ်ဉာဏ်တွေက စကားမပြော (Radio Edition)

၁၆၂၉ ခုနှစ် ရွေးကောက်ပွဲမှာ ဗမာပြည်တိုက်ပွဲစဉ်
တစ်လျှောက်လုံး ကျဆုံးလေပြီးသော ဗလာ ဗလာများအား
ငါ့ကိုလက်ခလယ်မထောင်ပြနဲ့ ဆောက်ကလေး တတီတူးတွန်ပဲ
M4A1 တစ်စောင် email inbox ထဲ ရောက်လာတယ် ကဲ ။ ကဲ ။
အဆောက်အုံပုံစံအသစ်ထဲက နီယိုမဇ္ဈိမယ်လစ်ဇင် / ယုံလော့ငါ့ရှင်တို့
သားငယ် ကြီးလာရင် ခရူးဆိတ်ဒါကြီး ဖြစ်ချင်တယ် မေမေ
အာရိယန်တွေကို သိပ်မုန်းတာပဲ (သိပ်... ဟုဆွဲ၍ရွတ်ဆိုရန်)
ဂျူးတွေက ချပ်ဝတ်တန်ဆာ အပြည့်အစုံ စစ်ထွက်အလံ (အွတ်)
Denial of Service ။ ငြင်းပယ်ခြင်းအတွက်
လုံလောက်တဲ့ ဆောက်ကြောင်းပြချက် ကောင်းတဲ့
နာရီတွေက ငါ့မျက်ခွက်ကို စက္ကန့်တံတွေနဲ့ ဖြတ် - ခဏလေးနော်
ဟိုင်းတီး / ဟိုင်းတီး ( ဟိုင်းတီး )
ဟုတ်ကဲ့ ၁၉၄၅ ရန်ကုန်မြို့ကိုသိမ်းတာ ကျွန်တော်မဟုတ်ဘူး မေမေ
SMS means Someone \ Seriously Missing Someone \ Seriously \ Shit
အိုကီနာဝါကျွန်းပေါ်က အလည်အပတ်ခရုဟာ မရိန်းတပ်သား ၃ သောင်း
ကန့်ကွက်ဆန္ဒပြခြင်းအနုပညာပါခင်ဗျာ
ကျွန်တော်တို့ ကျွန်မတို့သည်
water jet cannon နဲ့ ထိုးပါ - smoke bomb နဲ့ နှိမ်နင်းပါ - pepper sauce နဲ့ ပက်ပါ
rubber bullet နဲ့ ပစ်ပါခင်ဗျာ ,,!,,
ကျွန်တော့် iPod ထဲမှာ ခင်ဗျားရဲ့ လူမှုဘဝကို download လုပ်ထားတယ် Lynn
မြင်မြင်သမျှ ( အမျိုး ၊ ဘာသာ ၊ သာသနာ အတွက် ) ပါတော်ရေ
ဘကြီးဟစ်ရဲ့ ဇီဇီတွေတုန်းကလည်း ဂလိုပါပဲကွယ်ရို့
နားတစ်ဖက်က ယားပြီး နားတစ်ဖက်က အူနေတယ်
သဟာလည်း အတွင်းအဇ္ဈတ္တရဲ့ နာကျင်မှုပဲလား (တကယ်ရီး?)
တိုက်ခိုက်မှုဟာ တိုက်ခိုက်မှုမပီသတော့တဲ့နောက် တိုက်ခိုက်မှုကို အသွင်ပြောင်းပြီး တိုက်ခိုက်
ကြည့်ရင် တိုက်ခိုက်ရတာကို တိုက်ခိုက်သလိုဖြစ်လာမယ်ဆို ဗမာပြည် သစ်တိုက်ခိုက်မှု
ဒီအနက်ရောင်ဘွတ်ဖိနပ်မှာ စိတ်ကို အကျယ်ကြီးဖွင့်ထားတယ် lynn
တံတားတွေ တစ်ထပ်ပြီးတစ်ထပ်
စပ်ထည်ကို ဖြဲချလိုက်တယ် စပ်ထည်ကို ပြန်တည်ဆောက်တယ် ဒါကဒါမျိုး ဒါမှဒါမျိုး

    ပိုင်ဉာဏ်
    19th June, 2013

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်