လူလုပ်မှတ်ဉာဏ် - ၁၀

စိတ်တွေအကုန်ဖွင့်မောင်းတော့ ပျော်ရွှင်မှုက မိုင်းလိုကွဲတယ် ။
ငါ့စောက်ကျင့်ကိုဖျောက်ဖို့ ငါ့နားထင်ငါ Luger နဲ့တေ့ဖြုတ်
လူအဖြစ်က ပကတိတန်ဖိုးသုည
ညတွေဘယ်လောက်ဝေးဝေး ညာနေတယ် ငါဘယ်မှာ
သမိုင်းအတုနဲ့လာတဲ့ လူမျိုးအတုဟာ ငါတို့ပဲ ။
ဘာသာစကားကို မင်းနားလည်ပါတယ်
လို့မင်းထင်ထားတာ
လို့ငါထင်တယ်
ငါထင်ပါတယ် (အပြန်အလှန်အားဖြင့်)
ဖန်သားပြင်မှိတ်သွားတယ် / ငါ့စိတ်အကြည်သားမှိတ်သွားတယ် ။
ငါ့စိတ်ဟာ အလိုလိုပြဌာန်းခံထားရတဲ့ လက်အောက်ခံနယ်တဖြစ်လဲ
ဘယ်တုန်းကမှ ဘဝကိုမပိုင်ခဲ့ဘူး လို့ ငါဖင်ယားပြီးတွေးနေမိတည်းက
ငါ့သိမှုက ဒီလူမှုအဝန်းအဝိုင်းရဲ့ အပြဌာန်းခံသိမှုစောက်တလွဲ
သေခြင်းတရားက
သူ့လက်တံတွေနဲ့ ဆန့်မိုးထားတယ်လို့ ခံစားရတဲ့အပိုင်းအခြားမှာ
အရာအားလုံး သေဆုံးသွားတယ်လို့ ငါထင်မိတာ
တကယ့်အဖြစ်မှန်က အရာအားလုံးဆိုတာမရှိပဲ ငါတစ်ယောက်တည်း သေဆုံးသွားတာ
သိစိတ်တွေ နံရံလိုပြိုကျနေရတာကို
ဘယ်သူမှမတားကြဘူး ။
ဇာတ်ဆောာင်ကပဲ တစ်လျှောက်လုံးပြောလာတယ်
မှတ်ဉာဏ်ရဲ့ ထပ်ခိုးကတဆင့်ထုတ်လုပ်နေတဲ့ ဇာတ်ပြောမဆုံးခင်မှာပဲ
သူလုပ်နေကျစောက်ပိုတွေက ငါလုပ်နေကျစောက်ပိုတွေဖြစ်လာပြီး
သူက ငါဖြစ်လာပြီး ဇာတ်ဆောင်က သူဖြစ်လာပြီး
မြို့က သူ့အကြောင်း လုံးလုံးမေ့သွားတယ် ။
 
    ပိုင်ဉာဏ်
    29th May, 2014

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်