အဲဒါ ငါမဟုတ်ဘူးလို့ ငါငြင်းတယ်

သစ္စာတရားကသာ မင်းကို မိသားစု ဖြစ်စေနိုင်တာ
မိုးခိုရင်း မိုးစိုနေကုန်ပြီမို့လား
တစ်ယောက်တစ်လက်စီလှည့်
ဟောဒါ ပင်လယ်ကွေ့ ဟောဒါ ကွန်ရက်ဇုန် ဟောဒါ အဝန်းအဝိုင်းရာစုသစ်
စာသားသက်သက် တည်ထားတဲ့ဝန်းကျင်တွေက အန္တရာယ်စက်ဝန်းထဲအရွေ့
ထိုးသွင်းထားတဲ့ ဆက်ကြောင်းက တစ်လိုင်းကန်ပြီး တစ်လိုင်းခုန်တက်လာ
ဦးခေါင်းခွံပေါ်က သံခမောက်ကို အသင့်ပြင်အနေအထားအရ
လီနီယာအတိုင်းမရောက်ဘူး
လီနီယာအတိုင်းသွားတယ်
မင်းကိုဘယ်သူမှမပေးဘူး လက်ထဲကနံရံကို ပင့်တင်ထားလိုက်
ချည်ကြိုးနဲ့ကာထားတဲ့ ချည်တိုင်အရွေ့ကို စောင့်ဆိုင်းတိတ်ဆိတ်ရင်း
ငါဟာ အခြားသဏ္ဍာန်တစ်ခုကို အသွင်ပြောင်းရင်း
ကြယ်ဆက်ကြောင်းတွေ အက်ကွဲနေတယ်
ငါ အိမ်မပြန်ချင်ဘူး
တိမ်းလွယ်ညွတ်လွယ် အရေပြားတွေ ဆက်တိုက်လိုက်လာတယ်
ဘယ်လိုအရာမှ မထိုက်သင့်ဘူး နွေရာသီက ငါတို့နာကျင်မှုတွေကို မြုပ်နှံထားတာ
မြင်ထောင့်ပေါ် လိုက်ပြောင်းသွားတဲ့ တသီးတခြားသံသရာ
မျဉ်းကွေးအတိုင်း တွေးခေါ်တယ်
တတိယနာမ်စားကို သီးခြားကမ္ဘာတစ်ခု ၊ လွတ်မြောက်မှုက အခြားကမ္ဘာ
စက်ရုံထဲမှာ စွန့်ပစ်စာသား - ငါမဟုတ်တာကို ငါ ကျိန်ဆိုပါတယ်
ယုတ္တိမတန်တဲ့ကျိန်စာက ခရမ်းပြာရောင် ငါ့မှတ်ဉာဏ်တွေ

    ပိုင်ဉာဏ်
    13th October, 2013

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်