ပိတ်ပြီးပြန်ဖွင့်တော့ တံခါးကိုတွေ့တယ်

နာရီလက်တံအတိုင်း လည်တယ်
တော်တော်ကြာကြာနေထိုင်ရဦးမှာ
ပန်းချီကားထဲကို ခုန်ဝင်သွားကြတယ်
တအားကိုလေးပင်လွန်းတယ်
မြောက်ဝင်ရိုးစွန်းဆီ နောက်ဆုံးတော့ ရောက်ဖူးတာပဲ
လိုင်းတွေအဖြစ်နဲ့ ငြိမ်သက်သွား
had been sort of lost
တကယ်တော့ အမွေးပွပွဝက်ဝံရုပ်လေးပါပဲ
ယဉ်ကျေးမှုဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ပါပဲ
ငါ့အပေါ်ဖိစီးနေတဲ့ စနစ်အဆောက်အအုံပါပဲ
နာနိုချစ်ပ်ပြားတစ်ခုလို ရာဇပလ္လင်တစ်ခုလို
cut the crap
ကတိုက်ကရိုက် ပြန်ထွက်လာကြတယ်
ဦးခေါင်းခွံထဲက ကျည်ဆန်ထိပ်ဖူးလို ပြုမူတယ်
တီဗွီချန်နယ်မှာ တိုက်ရိုက်ပြနေတယ်
ဟုတ်ပါတယ် နေကောင်းတယ်
အလုပ်မှာ စိတ်အရမ်းပင်ပန်းတယ်
― ― ― ဖျတ်ဆို ပြတ်တောက်သွား
ပျော်စရာအတိ ထင်ခဲ့မိတာ
မီးသတ်ကားဥသြသံကို လက်ဆင့်ကမ်းပေးပါ
အလိပ်လိုက် အခွေလိုက် ကြွေကျလာတယ်
တော်တော်လေးနားလည်ပေးကြတယ်
ဘယ်သူ့တော်လှန်ရေးလဲ
နံရံတစ်ချပ်လို သဘောထားတယ်
သူ့ကိုတော့ဖြင့် ဂရုစိုက်ပေးပါ
နောက်ဆုံးစာမျက်နှာကို မဖတ်တော့ဘူး
သူပုန်စိတ်လေးအနည်းအကျဉ်းတော့ ကျန်သေးတာပဲ

    ပိုင်ဉာဏ်
    24th January, 2013

Comments

Popular posts from this blog

စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်

letter on dunes

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)