ပြေးလမ်း

"ဆူညံသံတွေကနေကင်းလွတ်အောင် ငါ့နားတွေကိုဖုံးကွယ်ထားလိုက်တယ်
ဘာတွေကြောင့်များ ငါတို့တစ်ယောက်ကိုတစ်ယောက် နာကျင်စေနေကြရတာ"
အလင်းရောင်ကျတာ မလုံလောက်ဘူး ဒီမှာ
အဖြူရောင်အမည်းရောင်ပုံရိပ်ယောင်
နေရာကနေ ထွက်ခွာဖို့ ဆိုက်ရောက်ဖို့
အဆင်သင့်ဖြစ်နေခဲ့တယ်
အရင်လိုလူသားဆန်တဲ့ အတွင်းသားပျောက်ဆုံးသွားပြီး
အပြင်ခွံသက်သက်ချည်းပဲကျန်ခဲ့ရင်တောင်
ငါတို့ဆက်ပြေးနေကြရ
အက်ရာတွေနဲ့မြို့ကို
အနွေးဓာတ်ကျတာ မလုံလောက်ဘူး
လမ်းတွေဆီ တဆက်တစပ်တည်းရောက်သွားပြီး
ကိုယ်တွင်းအစိတ်အပိုင်းတစ်ခုလိုမျိုး ။ ဒဏ်ရာမတွေ့တဲ့လွင်ပြင်ထဲ
ဇာတ်ဆောင် တစ် - နှစ် - သုံး - တစ်
ရာစုနှစ်များစွာကခရီးသွားရဲ့ ဓားမြောင်ရှည်ကို
နတ်ကွန်းထဲမှာ ရသွားတယ်
လက်ရှိငါကို အတိတ်ငါက အခါအားလျော်စွာ သတိပေးတားမြစ်ချက်
စက္ကူတွေ လေယာဉ်လိုဖြတ်ပျံသွားတော့
ငါ့နားတွေကို ဖုံးကွယ်ထားလိုက်တယ်
ကားရေဒီယိုကို ၉၃.၇ မဂ္ဂါဟက်ဇ် အက်ဖ်အမ် ပြောင်းကြည့်မိ
'All we are is dust in the wind' - သီချင်းစာသားတွေ လွင့်ကျလာ
မှန်သားကိုဖြတ်ပြီး စိုက်ဆင်းလာတယ်
အလင်းတွေတအားစူးလို့ ငါ့မျက်လုံးကို ဖုံးကွယ်ထားရတယ်
တိုက်ခိုက်မှုအပြီး ရှင်ကျန်သူတွေထဲမှာ
မင်းက ရှင်ကျန်မှုကိုယုံပြီး ငါက တိုက်ခိုက်မှုကိုယုံတာ
ပျက်ကျသွားတဲ့ ကိုးကွယ်စရာနတ်ကွန်းဟာ မီးခိုးတအူအူ
သန့်ရှင်းပြောင်လက်နေတဲ့လမ်းမဆီ တစ်ယောက်ချင်းရောက်သွားပြီး
ငါ့နာကျင်ရမှုကို ပန်းရောင်မီးခိုးမြူတွေက တတိတိ တိုက်စားသွား

    ပိုင်ဉာဏ်
    10th January, 2014

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်