အချိန်ဟာ လှေကားတစ်ခုဖြစ်မယ် ငါတော်တော်မတ်စောက်ပင်ပန်းစွာ

*အချိန်ဟာ လှေကားတစ်ခုဖြစ်မယ် ငါတော်တော်မတ်စောက်ပင်ပန်းစွာ*

ကြိုးပေါ်တန်းထားတဲ့ တကယ့်အစစ်အမှန်လက်တွေ့ ။ ဆံနွယ်ခွေချထားတာကအဆုံး
ပိတ်ထားလို့ရတဲ့အသံနဲ့ ပိတ်မထားတဲ့အသံ တိုက်ဆိုင်ထားတဲ့ ခန်းမကျယ်ထဲ
အမွှေးအမျှင်တွေက ခဲရောင်တစ်ကိုယ်လုံးကို အုပ်သွားတယ်
သွေးအေးနဂါးငွေ့တန်းတွေမှာ ကံတရားရှိမလား
ငါမယုံကြည်ဘူး ။ အဲ့ဒီလိုမျိုး ရတယ်မလား ။
Surplus Hardisk ပေါ်သိုမှီးထားတယ် အလံတော်အောက်က သစ္စာ
သူ ငယ်ငယ်က ကျွန်တော် ။ အတိတ်ဆိတ်ဆုံး တောက်ပပြရမလား
အတောက်ပဆုံး တိတ်ဆိတ်ပြရမလား ။ ကျွန်တော် ငယ်ငယ်က သူ
ဂငယ်ကွေ့ တွေးနေတုန်း လက်ရှိ နှစ်ဆယ် မနေ့က နှစ်ဆယ် မနက်ဖြန် Y:\\---
ဆောင်းတွင်းတစ်တွင်းလုံး နှင်းတွေ စိမ်းသွားတာ (syntax shifts) ကိုယ်တိုင်မြင်ခဲ့ရ
ဗလာဟင်းလင်း မြေပြင်ပေါ်မှာ လဲလျောင်းနေရ ။ မိုးစက်မိုးပေါက်တွေကနေ ကာထားရ
ဟုတ်ပါတယ် တံတိုင်းတွေပြိုသွားတာ ဘာအကြံအစည်မှ မရှိဘူး
ဒီအသက်ဒီအရွယ်က အမြဲတမ်း Under Construction
စင်ပေါ်ကအရောင်တွေ ။ စင်ပေါ်ကလူတွေ ။ ငါတို့အကုန်လုံး Noah ရဲ့ လှေကြီးပေါ်
အစပိုင်းနေ့ရက်တွေနဲ့ အစောပိုင်းရက်စွဲတွေနဲ့ နံရံအောက်ကိုစီးကျလာတဲ့ နောင်တတွေ
Jesus of Suburbia သီချင်းကို ၉ မိနစ် ၈ စက္ကန့်အပြည့် ဖွင့်ထားလိုက်တယ်
အာရုံမှောက်မှားမှုဆိုပေမယ့် ဆံနွယ်ခွေချထားတာကအဆုံး ။ ဇီဝစိတ်ကို တွန်းကန်အား
ငါ့ရှေ့မှာ ပင်လယ်ဟာ အလိပ်လိပ်တက်လာ ။ ယမ်းခွေတစ်လျှောက် ပြေးလွှားနေတဲ့မီးတောက်
နာမ်သိစိတ်မှာ တငွေ့ငွေ့လောင်ခံနေရ
ဖွာခနဲထွက်သွားတဲ့ ရောင်စုံမီးကျည်တွေဟာ အနီးဆုံးကြယ်အစုအဝေးတစ်ခု
ကောင်းကင်နဲ့လေထုကြား ဖွဖွလေးဆင်းလာတဲ့ အနီရောင်လေထီးဖြစ်ချင်တယ်
'close' button ကို ကလစ်မနှိပ်ခင် တိမ်ထဲကြိုးလှိုင်းတွေ
တဖျောက်ဖျောက်အိကျလာတယ်


    ပိုင်ဉာဏ်
    16th November, 2013

*ကဗျာခေါင်းစဉ်* - ကဗျာဆရာမောနွေ၏ ကဗျာစာသား

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်