လူလုပ်မှတ်ဉာဏ် - ၁၁ (Interlude)
မြေအောက်ခိုကျင်းထဲက ထွက်လာပြီးကတည်းက နေ့စဉ်လှုမှုဘဝဟာ အမြဲဆိုသလို မနေ့ကပဲ တဝေါဝေါအော်မြည်စီးဆင်းနေတဲ့ ရေတံခွန်က နောက်နေ့ ဗလာဟင်းလင်းဖြစ်သွားတာမျိုး အမြဲပြောင်းလဲနေတယ်ဆိုတဲ့ကမ္ဘာမှာ အနည်းဆုံးတော့ ခင်ဗျားသက်တမ်းတစ်လျှောက် တည်ရှိနေမယ်ယုံမှတ်ထားတဲ့ အကောင်အထည်တွေ ဥပမာ အငွေ့ လူအဖြစ်ရဲ့အပြစ်ဒဏ်ကို ကျွန်တော်တို့ခါးပတ်လည်မှာ ကျစ်ကျစ်ပါအောင်ပတ်ထားပြီး ဘယ်တော့ထပေါက်ကွဲမယ် မသိနိုင်တာမျိုး တစ်ချိန်တည်းမှာပဲ နောက်စကြဝဠာတစ်ခုမှာ ခင်ဗျားရဲ့လူမှုဘဝဟာ ကျွန်တော့်ရဲ့လူမှုဘဝဖြစ်နေနိုင်တာ လည်ပတ်နေတဲ့အမှုန်တစ်ခုကြောင့် သေနတ်မောင်းပြုတ်ပြီး ဦးခေါင်းခွံထဲ တိုးဝင်သွားတဲ့ကျည်ဆန်ကို နောက်ထပ်စကြဝဠာတစ်ခုမှာ ကျွန်တော်က သွေးရူးသွေးတန်း တော်လှန်ဖို့ ကြိုးစားနေတာမျိုး ခင်ဗျား ထောက်ခနဲမီးညှိလိုက်တဲ့ဆေးလိပ်ဟာ တစ်ခြားအကောင်အထည်တွေအတွက် တဖျစ်ဖျစ်မြည်ပြီး လောင်ကျွမ်းပျောက်ဆုံးသွားတဲ့ တွင်းနက် ကျွန်တော်ဟာ ပြာမှုန်တွေရဲ့ဖြစ်တည်မှုကို ယုံကြည်ပါတယ် ကျွန်တော်ဟာ ဘေးလွယ်အိတ်ထဲမှာ အချိန်ယန္တရားကိုထည့်ပြီး မြို့လည်ခေါင်မှာ သူမနဲ့တွေ့ဖို့ ချိန်းဆိုထားပါတယ် အဲဒီအတွက်ပဲ သူတို့ရဲ့အရိပ်တွေက ပိုမိုနက်ရှိုင်းလာရ...