ကဗျာဟာ ငါ့ကိုဗဟိုပြုမလို့ဆို။ ဒီလိုနဲ့ပဲ

ဟုတ်ပါတယ်။ ဒီသတင်းအမှန်ပါပဲ။ ကိုယ့်လက်တွေကို သူကိုင်တွယ်ခဲ့တယ်။
မင်းသိတဲ့အရှိတရားကို ကျနော်စောက်တလွဲကြီးပြောပြမလို့။
ကိုယ့်ကို မင်းယုံကြည်တယ်မလား။ လူမရှိတဲ့တံခါးတွေတိုင်းကို လိုက်ခေါက်တယ်။
မဖွင့်ရကောင်းလားဆိုပြီး နေ့စဉ်ထုတ်သတင်းစာကို မီးတင်ရှို့တယ်။ မင်းမြင်ပါတယ်။
မီးခိုးတွေက တိမ်ရောင်ဖြစ်သွားပြီး တိမ်တွေက မီးခိုးရောင်ဖြစ်သွားတာ။ ကိုယ့်ရှေ့မှောက်မှာ
ရှိတယ်ဆိုတဲ့ ကိုယ့်ရှေ့မှောက်ထားတဲ့ ကိုယ်ဟာဘာလဲ။ ကိုယ်ဘာသိမှာလဲ။
paradox ထဲမှာ ကိုယ်ဟာ မင်းအတွက်အရှိတရားပဲ။ မင်းဟာ ကိုယ်ပဲ။
ကျနော်မင်းနဲ့ လက်ထပ်ခဲ့တာပေါ့။ ပြီးတော့ ကိုယ့်ကိုမွေးဖွားခဲ့တာပေါ့။ အဆုံးမှာ မင်းကို ကိုယ်ပဲပစ်တာ။
ဟော တွေ့လား။ ကျနော်ပြောပြတဲ့ အရှိတရား။ ရွေးကောက်ခံဆိတ်တွေဟာ တကယ်ပါဆို။
မင်းပြုတဲ့ဗဟိုဟာ သူတစ်ပါးရဲ့လိင်အင်္ဂါဖြစ်နေတာ။ keep rollin' rollin' rollin' rollin'
ကိုယ်စောက်ကောင်းနားထောင်နေတုန်း ကျနော်နဲ့ limp bizkit နဲ့က shut the fuck up လို့ အကျယ်ကြီးထအော်တယ်။
ကိုယ့်ဗဟိုကို ကိုယ်ပြုကြေးဆိုတဲ့ ပိုကာဝိုင်းမှာ မင်းတက်လာတဲ့ဂျိုကာချပ်ဟာ ငါ့အန်ဖတ်တွေ။
ဒီစိတ်နေစိတ်ထားကို ကိုယ်ဘယ်လိုမှနှစ်သက်နိုင်မှာမဟုတ်ဘူးလို့ မင်းပြောမယ်။
ပြီးတော့ ကျနော့်ကို ပြန်လည်မွေးဖွားမယ်။ ၁၉၉၃ ခုနှစ်ထဲ ပြန်ချထားခဲ့မယ်။
ဒီလိုနောက်ထပ်တစ်ည မရတော့ပါဘူး။ ကိုယ်ချုပ်တဲ့တော်ကီတွေကို မင်းကြိတ်ကြွေသွားတာ ကျနော်သိတယ်။
မင်းလည်း စောက်ပါးပဲ။ ကိုယ်ပြောသမျှတွေအားလုံးက စောက်တလွဲတွေဆိုတာ
ကိုယ့် shut-in ဘဝက ထောက်ခံနေတယ်။ မင်းတစ်ယောက်တည်း ယဉ်နေတဲ့စိတ်ကူးကို ကျနော်က
စာသားအနေနဲ့ဖတ်ပစ်လိုက်တယ်။ ဟဲလို ဟယ်လို။ ကိုယ့် text ကို မင်း ပြန်စာပို့ကတည်းက
ကျနော့်ဘဝကြီးတစ်ခုလုံးဟာ စောက်ဝဋ်ကြွေးပဲ။ ကိုယ်သိပ်ပြီး စောက်ပိုကျသွားလား။ မင်းဟားတိုက်ရယ်တယ်။
ဟော တွေ့လား။ မင်းတအားကြိုးစားနေပြန်ပါပြီ။ အချိန်ကာလရဲ့ ကျုံ့ဆန့်နိုင်စွမ်းကို ကိုယ်ဘယ်လိုလုပ်ကြိုသိခဲ့မှာလဲ။
ဒီလိုနဲ့ပဲ ကျနော်နဲ့ မင်းနဲ့ အိမ်သာတစ်ခုရဲ့ အစနဲ့ အလယ်နဲ့ အဆုံးနဲ့ အားလုံးဟာ ကိုယ်ပဲဖြစ်ခဲ့တာပေါ့။

    ပိုင်ဉာဏ်
    10th November, 2015



ညွှန်း။   ။ Geek တစ်ယောက်ဟာ ငါဗဟိုပြုကဗျာကို ရေးခဲ့တယ်။ အဲ့လိုနဲ့ - မိုးသစ်

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်