Posts

လူလုပ်မှတ်ဉာဏ် - ၁၂

ငါ ခပ်ငယ်ငယ်တုန်းက ငါ့အဘိုးနဲ့အဘွားနေတဲ့ ရပ်ကွက်ထဲမှာ တစ်ထပ်တိုက်အိမ်ပုလေးရဲ့ အိမ်အပြင်နံရံက Aa@ ဒီဇိုင်းကို အစွဲပြုပြီး အေသုံးလုံးလို့ခေါ်တဲ့ အိမ်ဆိုင်လေးတစ်ခုရှိတယ် အေသုံးလုံးကနေ ရေခဲသေတ္တာကို သူခိုးခိုးခံရတဲ့အကြောင်း အဲဒီတုန်းက ရပ်ကွက်တစ်ခုလုံးရဲ့ ခေါင်းကြီးသတင်းပဲ ငါ့အဘိုးဆို ခြံတံခါးကို သံချိန်းကြိုးနဲ့ သော့တစ်ထပ် အိမ်တံခါး သော့နှစ်ထပ်ခတ်ပြီးမှ အိပ်ရာဝင်တာ ငါမှတ်မိသေးတယ် ငါ့မှတ်ဉာဏ်ရဲ့ ဘယ်အကြိုအကြားက ခုပြန်ထွက်လာလဲတော့ မသိဘူး ခုနေ ပြန်စဉ်းစားကြည့်တော့ ငါသူငယ်တန်းမှာ မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီးဆိုပြီး ဗိုလ်ချုပ်ခင်ညွန့်ကို လက်အုပ်ချီနှုတ်ဆက်ခဲ့ရတယ် ငါတို့တွေက ပိတ်ဖြူစင်ကြယ်နဲ့ ဖိုးသူတော်လေးတွေပေါ့ သာသနာဆိုတာဟာ အာဏာကို မကျော်နိုင်သလို ငါတို့အဖြူလေးတွေက အစိမ်းရင့်ရောင် ယူနီဖောင်းကို ဦးညွတ်ရိုသေပြခဲ့ရတာပေါ့ ဒူးကလေးတွေပါ ညွတ်ပြီးတော့ တညီတညာလေးပေါ့ အဲဒီနှစ်တုန်းက ငါ့အခင်ဆုံးဖြစ်ခဲ့ဖူးတဲ့ သူငယ်ချင်းပုခုံးကို ဖက်ပြီး အတန်းထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ ငါ့အမေသိမ်းထားတဲ့ အယ်ဘမ်အဟောင်းတွေထဲမှာ ရှိသေးတယ် ငါတို့နှစ်ကောင်လုံး အဖြူလက်တို ဘောင်းဘီရှည် အစိမ်းကိုယ်စီနဲ့ သွားကျိုးကလေးတွေပေါ့ အခုတေ...

hypothetical venom

ဘာကိုမှ မြင်စွမ်းမသာတဲ့ အမှောင်ထုက လေလုံဇကာတစ်ခုလို ငါ့ကို ဖုံးအုပ်ထားတယ် ။ ဒါဟာ မင်းမရောက်နိုင်တဲ့ အဝေးက ငါ့ညပဲ ။ လရောင်ဟာ မျက်စိအောက်မှာတင် ပင်လယ်ဖြစ်သွားပြီး ဒဏ်ရာတွေကို တမျှင်ချင်း ယက်လုပ်တယ် ။ အကွာအဝေးကိုပဲ တိုင်းတာနေရင်းနဲ့ ငါကိုယ်တိုင် အကွာအဝေးတစ်ခုလို အသွင်ပြောင်းသွားရော့မယ် ။ ငါ့နာမည်ခေါ်သံကြားလို့ မော့ကြည့်တော့ လေထီးတစ်ခုက လူမပါပဲ တအိအိဆင်းလာတယ် ။ ငါတွေဝေသွားတယ် ။ ငါပြန်တည်ဆောက်တယ် ။ အတိုင်းအဆမသိနိုင်တဲ့ အစိမ်းရောင် ချောက်ကမ်းပါးစွန်းမှာ မတ်မတ်ရပ်နေဖို့ ငါကြိုးစားတယ် ။ လေတွေ တအားတိုက်လာတယ် ။ ဒီလိုနဲ့ပဲ ငါ့ဘဝဟာ မလိုအပ်တဲ့ စွန့်စားမှုတွေကိုပဲ တောင်းဆိုနေခဲ့တယ် ။ ဒီလိုနဲ့ပဲ ငါ့ကို ဆွဲငင်ထားတဲ့ gravity ကို အသက်ကယ်ဘောကွင်းတစ်ခုလို ငါကိုင်တွယ်မိခဲ့တယ် ။ မှိုပွင့်ပုံတိမ်တိုက်တစ်ခုမှာ ငါ့ပုဂ္ဂလသစ်စေ့တွေကို ချိတ်ဆွဲပေးလိုက်ပြီး လေထုထဲ လွှတ်တင်တယ် ။ ဘဝဟာ မီးကျည်တစ်ခုလို ထိုးတက်သွားပြီး နောင်နှစ်ပေါင်းနှစ်ဆယ်ကျော်ရောက်မှ ခရုပတ်ခွေလို ငါတို့ရဲ့ အစုပြချစ်ခြင်းတွေဆီ ပြန်ဖြာကျတယ် ။ ဒါဟာ ငါဘယ်လောက် လွမ်းနေပါပြီဆိုတဲ့အကြောင်း သဲပေါ်မှာရေးပြီး မင်းဆီလိပ်မူဖို့ ကြိုးစားနေမိခြင...

တိတ်ဆိတ်မှုကို ကြားဖို့ ငါလိုအပ်

အမိုးပေါ် မိုးသံတွေ ကြားတော့ ငါ့ ရှေ့ဆယ်ဘဝ နောက်ဆယ်ဘဝ စိုစွတ်သွား ငါမသိနိုင်ညတွေ တဖျောက်ဖျောက် လမ်းမများ အတိုင်းအဆမသိနိုင်တဲ့ တိတ်ဆိတ်ခြင်းတွင်းနက်ထဲ ငါ့နည်းငါ့ဟန် နှစ်ဆယ့်သုံးနှစ်လုံး အော်ဟစ်ခဲ့ အခုညရဲ့ အခုမိုးတိမ်တွေဆီကမှ ပဲ့တင်ပြန်ရတယ် ညဟာ ဆိတ်ငြိမ်တယ် နက်နဲတယ် စစ်အတွင်းက ချစ်ခြင်းလို ငါ့ကမ္ဘာ လေဟာ တိုးတိတ်တယ်  လှပတယ် မျက်ဝန်းတွေမှိတ်ပြီး လက်ခံယူလိုက်တာနဲ့ မင်းစိတ်ဝိညာဉ်တစ်ခုလုံး စိုလက်သွားမယ့်အဖြစ် ငါ အံ့သြတကြီး ဆုပ်ကိုင်ဖြတ်သန်းမိ ညနက်နက်တွေတိုင်းမှာ အော်ဟစ်ခဲ့ရသမျှ ငါ ပိုမိုတိတ်ဆိတ်မိ ။     ။        ပိုင်ဉာဏ်        16th April, 2017

ကုန်းတွင်းပိုင်း FM

မှန်ထဲငါကြည့်တော့ college essays စာအုပ်ကို ကြောင်က တစ်ရွက်စီ ပြန့်ကြဲဆုတ်ဖြဲထားတယ် ငါ့စားပွဲတင်မီးအလင်းက ဖတ်လက်စစာလုံးတွေကို ပိုမှုန်ဝါးစေတယ် မူလတန်းတစ်ယောက်လို ငါတစ်လုံးစီ ပေါင်းဖတ်တယ် On the road ကိုဖတ်ဖို့ ညနက်၃နာရီအထိ ငါအချိန်ယူခဲ့တယ် ခဲတံချွန်စက်ပေါ်က ငှက်မျက်နှာဟာ တစ်ချိန်လုံး ငါ့ကို စိုက်ကြည့်နေတယ် ငါ တုန်လှုပ်လာတယ် ငါသွေးပျက်လာတယ် အား လို့ စာလုံးပေါင်းပြီး ငါအကျယ်ကြီးအော်တယ် မှန်ကိုပြန်ကြည့်တော့ ပြဒါးမရှိတော့ဘူး ဒီစာကြောင်းကိုရေးဖို့ ငှက်မျက်နှာကိုကိုင်ပြီး ငါခဲတံချွန်တယ် ငါထပ်သွေးပျက်တယ် ဟိုးအဝေးက ဥသြသံကြားတာ ဆေးရုံကားဖြစ်ပါစေ ငါမျှော်လင့်တယ် LED မီးလုံးတစ်လုံးချင်းစီရဲ့ အလင်းမှုန်တစ်စစီအောက်မှာ ငါတစ်ခုကို တစ်စက္ကန့်တိတိစီ တွေဝေတယ် ငါ့အသံဟာ ဒီအခန်းအပြင်ဘက်မှာ မတည်ရှိတော့သလို ခံစားရတယ် ညကောင်းကင်မှာ လေထီးတပ်သားတွေ ခုန်ဆင်းလာတာ ငါမြင်တယ် ဘေးအိမ်ခေါင်မိုးပေါ်ကျလာတဲ့ တစ်ယောက်မျက်နှာကို ငါသေချာကြည့်တော့ ဓာတ်ငွေ့ကာမျက်နှာဖုံးအမည်းအောက်မှာ နှုတ်သီးချွန်ချွန်ကို တွေ့တယ် စားပွဲပေါ်က ချွန်စက်မှာ ငှက်မျက်နှာမရှိတော့တာ ငါသတိထားမိ ငါထပ်ခြောက်ချားတယ် လုံခြုံရေးကင်မရာသာ ...

အနက်ရောင်အလင်းများ

အနက်ရောင်အလင်းများ အမှောင်ထုထဲ တိုးဝင်ပျောက်ဆုံးသွားတဲ့ အမှောင်ထုတွေ ကြယ်တွေသက်တမ်းကုန်ခါနီးရင် တွင်းနက်ထဲခုန်ချပြီး သတ်သေကြတယ် ဘာလို့စွန့်လွှတ်လိုက်တာလဲလို့ ငါ့ကိုလာမေးရင် တကယ့်ချစ်ခြင်းတရားဆိုတာ ဘာ ညာ အကျွံကြီးတွေ လျှောက်ကြွယ်ပစ်မှာ ပြီးတော့ ကြွေကျခဲ့တဲ့ ကြယ်တံခွန်တွေကို ငါလှမ်းတောင်းပန်မှာ      ပိုင်ဉာဏ်      20th June, 2016

reality edges

အရှိတရားကမ်းပါးစွန်းများ ငါ့ဘဝဟာ ပိုမိုနီးကပ်သွားနေတယ် လမ်းပေါ် လက်ပြတားလိုက်တော့ နောက်ခန်းထဲမှာ ငါချစ်ရတဲ့သူမ ပါလာတယ် မီးတောက်ပြာလဲ့နဲ့ ငါ့ကိုခေါ်ယူသွားမယ့် နေ့ည အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အရာတွေနဲ့ သူတို့ကနေတစ်ဆင့် ရရှိလာတဲ့ ငါတို့အတွက် ဟာသပြက်လုံးများ ရထားကို ဘယ်မှာမီရပါ့ ။ နိုင်ငံတော်သစ်ရဲ့ မီးခိုးတန်းရှည် ပျက်ကျရတဲ့ ဘဝဆက်တိုင်းဟာ ပျော်စရာ ငြှိမ်းရမယ့်မီးတောက်က ဘာလဲ ။ ပြီးတော့ ဘယ်မလဲ ငါ ဒါမှမဟုတ် ငါ့အစားထိုးဇာတ်ကောင်က သံသရာကို ယုံကြည်ဖူးတယ်တဲ့လား သောကြာညလေထုဟာ မင်းထင်မှတ်မထားတဲ့ ငါ့ချစ်ခြင်းဇုန်မှာ ပိုမိုသိပ်သည်းမှန်း ကိုယ်ဟာ လက်ချောင်းသုံးချောင်းနဲ့ အခြားကမ္ဘာသားပါ ကံကြမ္မာကောမစ်ဆရာ အလိုကျအတိုင်း တကယ့်အပ်ကြောင်းရာထပ်နေတဲ့ တကယ့် LP ဓာတ်ပြားတွေ အမြဲစိမ်းတောအုပ်ဆီကနေ လိပ်ပြာတွေဆီ မျက်နှာကြက်မှာ ၊ နံရံချပ်မှာ ၊ ငါ့ကို အမြစ်လိုစုပ်ယူထားတဲ့ ကြမ်းပြင်မှာ ပင့်ကူမျှင်တွေဆီကရရှိတဲ့ ဝမ်းနည်းမှုလိုမျိုး မင်းမသိနိုင်ပါဘူး ငါ့အရိပ်ဟာ ဘယ်သူဘယ်ဝါ တံခါးကိုတွန်းဖွင့်နေတဲ့လက်တွေကပဲ လက်ကိုင်ဖြစ်သွားတာမျိုး နှင်းဆီပွင့်တွေ အမြောက်အများနဲ့ အရှိတရားကို ငါတို့ ဘယ်လောက်တောင် မုန်းလိုက...

လူလုပ်မှတ်ဉာဏ် - ၁၁ (Interlude)

မြေအောက်ခိုကျင်းထဲက ထွက်လာပြီးကတည်းက နေ့စဉ်လှုမှုဘဝဟာ အမြဲဆိုသလို မနေ့ကပဲ တဝေါဝေါအော်မြည်စီးဆင်းနေတဲ့ ရေတံခွန်က နောက်နေ့ ဗလာဟင်းလင်းဖြစ်သွားတာမျိုး အမြဲပြောင်းလဲနေတယ်ဆိုတဲ့ကမ္ဘာမှာ အနည်းဆုံးတော့ ခင်ဗျားသက်တမ်းတစ်လျှောက် တည်ရှိနေမယ်ယုံမှတ်ထားတဲ့ အကောင်အထည်တွေ ဥပမာ အငွေ့ လူအဖြစ်ရဲ့အပြစ်ဒဏ်ကို ကျွန်တော်တို့ခါးပတ်လည်မှာ ကျစ်ကျစ်ပါအောင်ပတ်ထားပြီး ဘယ်တော့ထပေါက်ကွဲမယ် မသိနိုင်တာမျိုး တစ်ချိန်တည်းမှာပဲ နောက်စကြဝဠာတစ်ခုမှာ ခင်ဗျားရဲ့လူမှုဘဝဟာ ကျွန်တော့်ရဲ့လူမှုဘဝဖြစ်နေနိုင်တာ လည်ပတ်နေတဲ့အမှုန်တစ်ခုကြောင့် သေနတ်မောင်းပြုတ်ပြီး ဦးခေါင်းခွံထဲ တိုးဝင်သွားတဲ့ကျည်ဆန်ကို နောက်ထပ်စကြဝဠာတစ်ခုမှာ ကျွန်တော်က သွေးရူးသွေးတန်း တော်လှန်ဖို့ ကြိုးစားနေတာမျိုး ခင်ဗျား ထောက်ခနဲမီးညှိလိုက်တဲ့ဆေးလိပ်ဟာ တစ်ခြားအကောင်အထည်တွေအတွက် တဖျစ်ဖျစ်မြည်ပြီး လောင်ကျွမ်းပျောက်ဆုံးသွားတဲ့ တွင်းနက် ကျွန်တော်ဟာ ပြာမှုန်တွေရဲ့ဖြစ်တည်မှုကို ယုံကြည်ပါတယ် ကျွန်တော်ဟာ ဘေးလွယ်အိတ်ထဲမှာ အချိန်ယန္တရားကိုထည့်ပြီး မြို့လည်ခေါင်မှာ သူမနဲ့တွေ့ဖို့ ချိန်းဆိုထားပါတယ် အဲဒီအတွက်ပဲ သူတို့ရဲ့အရိပ်တွေက ပိုမိုနက်ရှိုင်းလာရ...

[ Untitled ] - ဏေသစ်

[ Untitled ] ငါ့ မကောင်းမှုတွေအတွက် ဘယ်သူမှ ပြန်မပေးဆပ်ရဘူး။ ငါ့ဟာသကို နားမလည်သူတွေရဲ့ အောက်ဆီဂျင်ပိုက်ကို အကောင်းဆုံး recycle လုပ်နိုင်ဖို့ ငါ စဉ်းစားတယ်။ ကယ်ဆယ်ခြင်းမခံရတဲ့ နှလုံးသားတွေအတွက် တီဗွီရှေ့ထိုင်ခုံမှာ နောက် ခုနစ်နှစ် ထပ်ကြာသွားတယ်။ တံခါးကို ဆွဲစေ့ထားတဲ့ လက်ကို တစ်နေရာမှာ လက်အုပ်ချီလျက် အနေအထားအတိုင်း မြင်ဖူးတယ်ဆိုတာ ပြတ်နေတဲ့ လက်တွေကို ကြည့်ရင်း သေချာ မှတ်မိသွားတာပါပဲ။ လုံခြုံရေး ကင်မရာ အချင်းချင်း တစ်လှည့်စီ စစ်တုရင်ထိုးနေတဲ့ နေရောင်အောက်မှာ အသစ်အဆန်းဆိုတာ ယုံကြည်မှုပဲလို့ အရှေ့အလယ်ပိုင်းက လူတွေ ကြားအောင် ငါတို့ sound box တွေ တာဝန်မကျေခဲ့ဘူး။ ဒီဇာတ်ညွှန်းအတိုင်းဆို လူ ကနေ ပိုးဟပ်ကြီး ဖြစ်သွားရမယ့် နေရာဟာ စူပါမားကတ်ရဲ့ အဝတ်လဲခန်း တစ်ခုခုပဲ။ အိမ်သာနံရံက ဆေးကွာနေတဲ့ ဂရပ်ဖစ်တီတွေကို ကျောက်စာတွေလို ငါ တစ်လုံးချင်း အနက် လိုက်ဖွင့်တယ်။ ရေပိုက်ခေါင်းထဲမှာ သားစားငါးမန်းတွေ တဝုန်းဝုန်း ကူးခတ်နေတယ်။ လက်ရှိကမ္ဘာနဲ့ မလုံလောက်ရခြင်းဟာ ငါတို့အတွက် အမြဲတမ်း အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်ခဲ့တယ်။ ဒါ masochist တစ်ယောက် ယုံကြည်တဲ့ အနီးစပ်ဆုံး ကောင်းကင်ဘုံပဲ။ ပြီးတော့ မင်းတိ...