ဇီဝခန္ဓာတစ်ခု ဇီဝစိတ်တစ်စုံ ဘာသာစကားပဋိဇီဝ
နာမ်ပါမလာတဲ့ရုပ်ဝတ္ထုဝါဒီတစ်ယောက်အတွက် ပဋိဇီဝ
အဘိဓမ္မာတိုင်း၌ လူတန်းစားအမြင်ရှိသည် ။ ကျွနု်ပ်၏ကြိုးပမ်းမှု
ဗဟိုဌာနလက်အောက်ခံ နည်းပညာအခြေခံ confessional way of thinking
ကွန်တွေကို ဖြန့်ထားပြီးမှတော့ ကွန်တွေကို ပြန်သိမ်းရုံသိမ်းဆည်း
ခင်ဗျားတို့ရဲ့ဘာသာစကားက ဒီလိုအလုပ်မလုပ်ဘူး ။ ကျုပ်တို့ရဲ့ ဘာသာစကားအရေးပါမှု
ရုပ်သံချန်နယ်တွေက ငါတို့ရဲ့ဇီဝခန္ဓာတွေကို လှည့်ဖျားနေတယ်။ ငါ့မှာ နင်တစ်ယောက်ပဲ ရှိခဲ့တာ။ ဒါတွေဒီလိုမလုပ်နဲ့။ နင့်ရဲ့ဖြစ်တည်မှုဟာ ငါ့ရဲ့အသက်ဇီဝအရင်းအမြစ်။ ငါ့ဘေးပတ်လည်က လူမှုဝန်းကျင်တစ်ခုလုံးနီးပါးက ယုံရခက်ကြီး။ အချိန် ၊ ဇုန် ၊ ကွာဝေးမှုတစ်ခုခု။ စံတော်ချိန်တစ်ခုတည်းမှာ ငါတစ်ယောက်တည်း jet lag။ ပကတိအတိုင်းမြင်နေရတယ်။ ပကတိအတိုင်းသိနေရတယ်။ အရာအားလုံးထက်ပိုပြီး ၊ ဇီဝနာရီကိုရပ်တန့်ထားပုံရနေတယ်။ တစ်စုံတစ်ယောက်ကို၊ ငါမသိတဲ့တစ်စုံတစ်ယောက်ကို၊ တိတ်ဆိတ်မှုတွေက ငါ့ကိုကန်းသွားစေခဲ့တဲ့ကြိုဟောစာတမ်း။
မင်းရောက်နေတဲ့နေရာမှာ ဘယ်အချိန်ရှိပြီလဲ
မေးရိုးမေးစဉ်ဘာသာစကားက ဒါလောက်ပဲ
နည်းပညာအခြေခံဘာသာစကားနဲ့ အစဉ်အလာစည်းရိုးထဲကဘာသာစကား
ရုံတင်ပြသနေတဲ့ ပဋိဇီဝတွေရဲ့ အနေအထားက အသစ်ဖြစ်ပေါ်လာတယ်
သိမှုအောက်မှာ ဘာရှိလဲ သိမှုထဲမှာ သိမှုထပ်ရှိတယ် ဆိုတာကိုသိတဲ့ သိမှု
ခင်ဗျားတို့က စောက်ရေးမပါတာကို စောက်ကြီးစောက်ကျယ်တွေ လုပ်နေမှတော့ ခင်ဗျားတို့လုပ်တာတွေ စောက်ရေးဘယ်လောက်ကြီးကြီး ကျွန်တော်က စောက်ဂရုမစိုက်တော့ဘူးပေါ့။ ဒါပဲရှိတာ။
လူဟာမြင်သိစိတ် ၊ ကြားသိစိတ်ထက်တော့ ပိုတဲ့သိစိတ်မရှိတော့ဘူးဆိုပြီး
နားနဲ့မျက်လုံးတွေပဲ အားကိုးနေလို့ ငါတို့တွေ အ ပြီး အပြီးကန်းသွားတာ
ဇီဝဖွဲ့စည်းပုံအရ ကျွန်တော်တို့ဟာ ဇီဝဖြစ်တည်မှုတွေ ဖြစ်တယ်
အသက်ရှုနေသေးတဲ့ အသေစားသတ္တဝါတွေ ဖြစ်တယ်
လူမှုကွန်ရက်မှာ အစိမ်းရောင်နဲ့ အညိုရောင်မီးလုံးလေးတွေ ဖြစ်တယ်
ဘာသာစကားအရ ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်စီဖြစ်တယ်
လူဟာ အုပ်စုစိတ်ဖြစ်သွားတာနဲ့ ပင်ကိုဇီဝစိတ်ရဲ့ ပကတိသွင်ပြင်လက္ခဏာ လျှောကျသွား
ဒီဘာသာစကားကို တစ်နေရာရာက ဘာသာပြန်ဆိုတယ်
ပြောပါတယ် ။ ဘာသာစကားဟာ ဆောက်တုန်း (south tone) ပါလို့
ပိုင်ဉာဏ်
8th July, 2013
Comments
Post a Comment