အကြောင်းအရာပုံစံ recycle အရေးအသားပုံစံ recycle

အကြောင်းအရာက ပလတ်စတစ်အကြည်သား ။
ကျောက်ဆစ်ရုပ်ဟာ အငွေ့တထောင်းထောင်းနဲ့ ကျဆုံး ။
ဥယျာဉ်ခြံမြေမရှိတဲ့ သစ်ပင်ဟာ ကိုယ်ဖြစ်တယ် ။
နှောင်ကြိုးမဲ့တိမ်တိုက်တွေ ကစဉ့်ကလျား ပျံသန်း
ဝေါဟာရအတွက် ဘဝကို ဟိုရှေးလူတွေ မြင်သလို ၁၉၆၉ ကတည်းက...
အလန့်တကြားထခုန်လိုက် ... သတင်းခေါင်းစဉ်
နားချိန်တောင်မရတဲ့ခင်ဗျား ဝင်ရောက်/ထွက်ခွာနေတာ ဒီတစ်ခါလှိုင်းများ
A Change of Bags with some Deviation ဘယ်/ညာ နင်းရန်လိုမလို
သရုပ်မှန်ကဗျာ နောက်ဆိုတာ ကျောပဲရှိတယ်
လိပ်ပြာဖမ်း ပွဲလမ်းသဘင် ။ သင်ပျော်ရွှင်ပါသလား ။
လေပွေတစ်လုံးလို သူရပ်သွားပုံ စီရင်ချက် ထည့်ပြောလို့မရဘူး
ကောလဟာလဆိုတာပုံပြောတာမဟုတ် ။ ပုံပြောဟန်ဖြစ်ပါတယ် ။ ဘဝနာမှ ဘာဝနာဖြစ်မယ်တဲ့လား ။
မယုံရေးချ မယုံပါ ။
သတိရလို့ ဆက်လိုက်တာလို့ ပြောပြပါ မေမေက ပြုံးနေတယ် ဒီတစ်ခါလှိုင်းများ
ကံကောင်းခြင်း၏ တွားသွားမှုသည် လူ့သမိုင်းတစ်ခုလုံးအား စွတ်ကြောင်းရာ ကျန်စေခဲ့ခြင်းဖြစ်သည်
ရက်တွေအများကြီး လွန်ပြီးမှ အံဝှက်မပါတဲ့ ကစားနည်း လွယ်အိတ်
အိုင်ဒီယိုလိုဂျီ ... လက်ဆင့်ကမ်း
ပြီး ခင်းကျင်းပြသသွားလိုက်ခဲ့ပုံများ
လောကကြီးဆီ အပ်နှင်းသွားလိုက်ခဲ့ပုံများ
ညီမလေးနဲ့ မျက်စောင်းထိုးနေရာလေးမှာ ထိုင်လို့
တစ်ခုခုကိုပြောမယ် ၊ ပြီးတော့ ထပ်ပြောမယ် အစီအစဉ်တကျဇာတ်လမ်း
အမျိုးသမီးမိတ်ဆွေတစ်ယောက်ကို သွားကြိုရန်၊ အချိန်ရရင် နွားရိုင်းသတ်ရန်
ကိုင်ဆောင်သူ၏လက်မှတ်မတူပေမယ့် ပြောစရာကလည်းဒီအကြောင်းပဲရှိတယ်
သမိုင်းအမြင်နဲ့ သွားတိုက်ပြီးတော့ ပတ္တယားကမ်းခြေမှာ သွားအပန်းဖြေပါ
ဘာလိုင်းကားမှမပြေးတဲ့ လမ်းပေါ်မှာ မှတ်တိုင်တစ်တိုင်လို ဗီနိုင်း
အရေးတကြီးအလုပ်တစ်ခုလို ဟိုဟာရှာ ဒီဟာရှာရ သေတ္တာနက်နဲ့ ပျံသန်းမှုမှတ်တမ်း
“အငွေ့ပျံနေတဲ့ရေခဲနက်” - ဆီဆေးနဲ့ မီးသွေးမီဒီယံ
ညက လေအေးစတိုက်လို့ မိမိဘဝ မိမိစီရင်အရေး ကြွက်အမေး အဖြေ
အင်းလျားလမ်း / အထက်တန်းကျောင်း / ချာတိတ်ရုပ်ရှင် / ပြန့်ကျဲသွားတဲ့ ပန်းတွေ အရောင်ကွဲ
ငါတို့ဟာ Box of Shame ထဲ ပိတ်မိနေတဲ့ အရှက်တနာတွေ
ကျွန်တော်တို့ သူတို့နှစ်ကောင်ကြားက မြေစာပင်ဟာ မစ္စငြိမ်းချမ်းရေး
လေးရာသီရုပ်မြင်သံကြားဇာတ်လမ်းတွဲများမှ ခန့်မှန်းခြေပျံသန်းချိန် ကြောင်
လွန်လေပြီးသော စိတ်ကူးယဉ် ပို့ဆောင်ဆက်သွယ်ရေး
တစ်ယောက်ရဲ့ဘဝဟာ တစ်ယောက်ရဲ့ဘဝ မဟုတ်ဘူး
ခြေတစ်လှမ်းနဲ့ တစ်လှမ်းကြားက အကွာအဝေးလို အကွာအဝေးတွေ
ငါတို့ဟာ လောင်စာတွေလား ။ ငါတို့ အလောင်ခံပြီးမေးတယ် ။
ပုဂ္ဂလိကရွေးချယ်မှုအရ အလိုလိုစီးကျလာတွေ စိတ်ကူးဖြန့်ထွင်မှုဆိုင်ရာ အရှိတရား
ရယ်ဒီမိတ်ကိုလိုနီ ငှားရန်ရှိသည်
ခင်ဗျားတို့ရှေ့ကိုရောက်လာတဲ့ နေ့စွဲတစ်ခုနဲ့ နာရီကို ကြည့်ပါ
ပျံသန်းပါ။ ဘက်ကြည့်မှန်အချက်အလက်တွေထဲကနေ ငါ့ကိုပြန်လှည့်လှည့်မကြည့်နဲ့ ။
LP ကင်းမဲ့ဇုံ ငါတို့ကိုယ်ငါတို့ လေယာဉ်ပျံတစ်စီးလို တည်ဆောက်ကြ မြစ်ကိုလည်း တည်ဆောက်ကြ
သွေးနဲ့သားနဲ့ဆိုတော့ လူဆိုတာ ဒီထက်မပိုပါဘူး
လူဟာနတ်သမီးပုံပြင်ဖတ်ပြီး ပျော်ရွှင်ငေးမောနေရမယ့် အရွယ်မှာ
လက်ညှိုးကိုကွေးလိုက်ရင် ခေါင်းလောင်း သံကြားလိမ့်မယ်
အနီရောင်ပန်းသီးလေးလို စက္ကဖြူဘဝလေး ရော့ ဒီမှာ၊ ဘာမှ မလေးနက်တဲ့ စာသားတွေ
တက္ကနိတွေ ဂရုမစိုက်မိခဲ့လို့ ခံစားမှုကြိုးတန်းပေါ်မှာ ငါ့ကို ဘယ်သူမှ ကိုယ်စားမပြုဘူး
နည်းပညာအခြေခံ ဣတ္ထိယ ခရိုအေးရှားမှာလည်း ဒီအကြောင်းတွေ ပြောကြတယ်
နှင်းဆီပင်တွေ သေသွားတယ် အချစ်များစွာဖြင့် . . . ဆဒ္ဒမ်
ယာခင်းထဲက စက်ဝိုင်းကွင်းတွေဟာ အမှိုက်သရိုက် ရုပ်တုသက်သက်လား
မြင်းရုပ်ချားရဟတ်တွေလည်ရင်း သမိုင်းဟာကုန်လွန်ရင်း ၁ စက္ကန့် ၂ စက္ကန့် သေကုန်ပြီ
ဦးထုပ်တွေဟာ တကယ်တမ်းတော့ သမိုင်းအမှန်တွေကို မပြောပြကြဘူး(တဲ့)
၁၉၆၀ ပတ်ဝန်းကျင်က သီချင်းနဲ့ ရစ်သမ်ဂီတာ ရေးလက်စ
ခေတ်မီလူမှုဘဝနဲ့ အဝေးကြီးကနေ မူးယစ်နေသူများမှတစ်ပါး မည်သူမှ မရယ်မောနိုင်

    ပိုင်ဉာဏ်
    4th July, 2013

(ကဗျာဆရာများ၏ ကဗျာခေါင်းစဉ်များစွာဖြင့် ကဗျာပြုလုပ်သည်။)

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်