လူလုပ်မှတ်ဉာဏ် - ၈

ရေငုပ်သင်္ဘောတစ်စင်း ကျွန်တော့်အိမ်တံခါးဝ
ရောက်လာတယ်မဟုတ်လား။ မဟုတ်ပါဘူးဗျာ။ ခင်ဗျားပဲစစ်ကြည့်လိုက်ပါ။
ယူဘုတ်လားဆိုတာ။ လရောင်ဆိုနာတာ။ အိပ်မက်တစ်ခုမက်ဖို့
အိပ်ခြင်းတရား လိုတာပဲ။ အပြန်ပြန်အထပ်ထပ် လေ့ကျင့်သင်ယူခြင်းမှ
လွတ်ကင်းရာ။ နာဗားနားက တစ်နေရာ ကိုယ်ကတစ်ခု သိမှုအာရုံနတ္ထိနဲ့
အကြေးခွံမာဖြစ်တည်မှု။ သမိုင်းစဉ်ဟာ တစ်ပတ်လည်တယ်။
နှစ်ပတ်လည်တယ် ရယ်ရွှင်ဖွယ်ရာ ဟာသပြဇာတ်အဖြစ်။
နှစ်ပေါက်တဲ့အထိ နှစ်သစ်မကူးကြသေးဘူး။ ဤ၊သည်၊ထို၊၎င်း၊ယင်း
အခြားစပေ့စ်။ ခြုံထည်ထဲကလက်ထဲမှာ မှော်ကြိမ်လုံးကို
တင်းတင်းဆုပ်ကိုင်ထားတယ်။ မီးခိုးငွေ့တလူလူနဲ့ သံထည်ရထားကြီး
ကျွန်မရှေ့မှာ။ အော့ဇ်ဝဇ်ကို အလည်အပတ်ပဲ သွားပါရစေရှင်။
တိုက်ခိုက်ရေးတပ်စု၏ အထူးစစ်ဆင်ရေးမှာ အကျအဆုံး ၄၇ ရာခိုင်နှုန်း။
ဤခရီးနီးလာပြီ - ခြေလျင်လာရ၏ - စစ်ပွဲအသစ်ပါသလား -
ကျင့်ဝတ်အတုံးများ ယူလာပါသည်။ တရားရေးနည်းလမ်းအရ ရှင်းလင်းဖို့
လိုပါသေးတယ် အချိန် ၊ စပေ့စ် ။ ငါးတွေက တိတ်ဆိတ်လွန်းတယ်။ ငါက
သွေးအေးသတ္တဝါပါ အိန်ဂျယ်။ အရင်လိုပဲ နင့်ဓာတ်ပုံလေးက
ငါ့ကိုငြိမ်းချမ်းစေတယ်။ ငါ့မှာ နင့်ဆီက ငြိမ်းချမ်းမှုပဲလိုတာ။
ရီဆိုင်ကယ်လုပ်သင့်တဲ့ စည်းနှောင်မှုတွေကို ငါ ကောင်းကောင်းကြီး
ထောက်ခံပါတယ်။ လူသားဗဟိုပြုဝါဒီဟာ ချစ်ခြင်းတရားနဲ့တွေ့တော့ ခု
ဈာန်လျှောကျတာပဲမဟုတ်၊ လူလုပ်မှတ်ဉာဏ် - ၁ ကို တစ်နှစ်ကျော်က
စခဲ့တယ်။ အဓိကမောင်းနှင်စက်ဟာ တပ်ဆင်မှုအသစ်တွေနဲ့ ကိုယ့်လူ။
စကားပြောတဲ့အရိုးစုကို ခင်ဗျားအခုမှ မြင်ဖူးတာမလား။ သူတို့က
သမိုင်းအမှန်ကို ခဏနေပြောပြလိမ့်မယ်။ ရန်ကုန်မြို့ရဲ့ လမ်းမတွေက
စိတ်တိုလွယ်လာတယ်။ ဘာသာအယူဝါဒနဲ့ ပြုမူနေထိုင်ပုံ စောက်တလွဲကို
ဒီမြင့်မြတ်တဲ့မြေမှာပဲ တွေ့နိုင်မှာ။ အမိုးပေါ် မိုးသံတွေကျလာတယ်။ အဲဒါဟာ
Intercontinental Ballistic Missile မဟုတ်မချင်းတော့ အဆင်ပြေပါတယ်။
ယူပြောတော့ သမိုင်းဟာ ကဗျာလိုပဲ သေလွန်ပြီဆို။ ယူဘုတ်လေးစီး
သွားကြစို့တူပျော်ပျော်။ သမိုင်းလွန် စစ်ယန္တရားဟာ အရှိန်အဟုန်နဲ့
စတင်လည်ပတ်နေပုံ။ ခေတ်မီလူမှုဝန်းကျင်နဲ့ instagram စာမျက်နှာမှာ
ဓာတ်ပုံတင်ထားတယ်။ လွန်လေပြီးသောမှတ်ဉာဏ်မှာ ကျွန်တော်ဟာ
တိုက်ပွဲဝင်ကြိုးကျစ်သမား။

    ပိုင်ဉာဏ်
    14th August, 2013

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်