private killing fields mod


သေခြင်းတရားက လှပါတယ် သေခြင်းဟာ တရားလှပါတယ် အသေမတရားဘူး
အမေက
တရားတော်အလိုအရပါပဲ
အရင်းအမြစ်ထိသွားဖို့ အရင်းအမြစ်အထိကြွယ်ဝတဲ့ နည်းပညာအရင်းအမြစ်
ခေတ်ကြီးကို စားသုံးနေကြတဲ့စားသုံးသူခေတ် နောက်
ပိုင်းလာမယ့်
အနာဂတ်မှာ လာမယ့်အနာဂတ်ဟာ ဘယ်လိုရှိမှာလဲ
အသေစားအသေခံ သတ္တဗေဒတွေရဲ့ မဖြစ်မနေအရွေ့အလျား သတ္တဝါ ။
တစ်ယောက်ရဲ့ social hub ဟာ တစ်ယောက်ရဲ့ အနားသတ်အစွန်း
ရောက်ဖို့
ကိုယ်ပိုင်သတ်ကွင်းတစ်ခုအတွက် လိုက်နာရန် နည်းဥပဒေများ အပိုဒ်ခွဲ - ၃ ပုဒ်မ - ၄(စ) အရ
ဘာခက်တာလိုက်လို့
ပင်လယ်ကွေ့နဲ့ ပင်လယ်ဝကိုပိတ်ရင် ပင်လယ်အော်သွားမှာပေါ့ ။
တရားတော်အလိုအရပါပဲ
တစ်ဦးတစ်ယောက်ချင်းစီရဲ့ သဘောထား သဘောသဘာဝ ပတ်ဝန်းကျင်
အလိုဆန္ဒဟာ လူလုပ်စစ် Vs သဘာဝလွန်စစ်
တစ်ယောက်ရဲ့
အစပိုင်းနေ့ရက်တွေနဲ့ အစောပိုင်းရက်စွဲတွေနဲ့ တစ်ခုခုကိုစွဲလမ်းတာမျိုးသည်
နောက်ကြောင်းပြန်သဘော အနက်ပြန်ဆိုခြင်း၏ အကြောင်းအရာပုံစံ
အတိုင်း
as good as dead
ငါတို့ဟာ ဘယ်တော့မှ ပြန်မဆက်တော့တဲ့ ဂျစ်ဆောချပ်တစ်ခုစီ တွေး

    ပိုင်ဉာဏ်
    1st August, 2013

Comments

Popular posts from this blog

စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်

letter on dunes

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)