Posts

A Night Bus to Sakyamuni

You live through war?  ဆိုပြီး ငါ့ဘေးခုံမှာထိုင်တဲ့ ခရီးသွားဖော်က  မိတ်ဆက်ပြီးပြီးချင်း မေးတယ် အဲဒီမှာပဲ မိုးကြီးလေကြီး ကျလာပုံက  ကားခေါင်မိုးနဲ့ မှန်ပြတင်းတွေကို ခဲထိပ်ဖူးတွေ  တဒေါက်ဒေါက် လာမှန်နေသလိုပဲ ဆက်တိုက်လေထဲ  ဘုရားဂေါပကဟာသတွေကို  ဘတ်စ်ကားစပယ်ယာတွေရဲ့ လေသန္ဓေအတိုင်း  ငါတို့ရယ်ကြတယ်  သူဖွင့်ထားတဲ့ အမဲကင်ဆိုင်ကို  ငါလာစားပါ့မယ်လို့ အော်ပြောလိုက်တယ် ညရဲ့အရောင်ထဲမှာ ကားကမရပ်ဘူး  စကြာမုနိကို လက်အုပ်ချီပြီး  ငါခုန်ဆင်းလိုက်တယ် မိုင်ရှစ်သောင်း ပျံလာတဲ့ ငါ့သူငယ်ချင်းဆီရောက်တော့ သူ့အတောင်တွေက  ငါတို့ ဓာတ်ဆီလောင်းရှို့ခဲ့တဲ့ နိုင်ငံတော်အလံလို  တဟုန်းဟုန်း မီးစွဲလောင်နေပြီ ဒါနဲ့ ထီးကောက်တလက်စီ ကိုင်ရင်းပဲ ငါတို့  မြို့အနှံ့ လျှောက်ပတ်ကြည့်ကြတယ် ခရီးဒဏ်တွေ ဖြေဖျောက်ဖို့အတွက်ဆိုပြီး ခြေဆင်းထိုင်နေတဲ့ အနှိပ်သမလေးရဲ့ ပေါင်ကြားထဲ  ကျောဆင်းမှီချလိုက်တာနဲ့  ငါ ပထမဆုံး ခံစားမိတာက ငါ့အဖွားပေါင်ကြားထဲမှာ နွေးထွေးလုံခြုံခဲ့ရတဲ့ ငယ်ဘဝပဲ မူလဘူတနဲ့ နီးကပ်လာလေ  လူတွေဟာ ယိမ်းညွတ်ပျော့ပျောင်းလာလေပဲ တူရဲ့ ငါ ဇာတိပုညဂုဏ်မာနအ...

ငါတို့/ဘဝကို ဘယ်လိုနေထိုင်

တခွန်းစကားဟာ တယောက်တည်း မဟုတ်ဘဲ အပေါင်းအပါတွေနဲ့ ရောက်ချလာတယ် ငါ့တကိုယ်ရဲ့ ခြောက်ခြားမှုကို နှင်းမှုန်တွေပေါ်မှာ တင်ထားမိတဲ့ ကိစ္စ နေ့စဉ်ဘဝရဲ့ အသေးနုပ်ဆုံး အဖြစ်အပျက်လေးတွေမှာ ရှိနေစေချင်တဲ့ အရိပ်နဲ့ ကြိုးနဲ့ ငါ အဆင်ပြေပါတယ် ဒီမိုးရိပ် ဒီကြိုးရိပ်နဲ့ မင်းဘဝဟာ နောက်ကျနေတဲ့ ငါ့ကိုမစောင့်ဘဲ မောင်းထွက်သွားတယ် ခုတ်မောင်းသွားတယ် ပျံတက်သွားတယ် နေ့လည် ၃ နာရီမှာ အခန်းထဲ အရမ်းလင်းနေလို့ နေလုံးကို ခဏလောက် ပိတ်ထားချင်တယ် နေ့သင့်နံသင့်တရက်မှာ ငါတို့ဘဝတွေက ဒီိလောကထဲ ဘယ်လို အရိပ်ထင်ခဲ့ပုံ ဘယ်လို လှိုင်းခတ်ထခဲ့ပုံ လူ့မျက်ရည်နဲ့ တည်ထားတဲ့ စနစ်အဆောက်အအုံတွေပေါ် ငါတို့မျက်ရည် ကျရတာ ဆန်းသလား ငါ့မျက်ရည် မင်းစန္ဒရားသံပေါ် ကျရတာ ဆန်းသလား ငါ့မျက်ရည် မင်းပေါင်သားဖျော့တော့တွေပေါ် ကျရတာ ဆန်းသလား မနက် ၃ နာရီမှာ အခန်းထဲ အရမ်းအေးနေလို့ နေလုံးကို ခဏလောက် ဖွင့်ထားချင်တယ် ငါ့ကို တံတိုင်းလို ဒိုင်းလို ကာကွယ်ပေးနေတဲ့ မင်းတကိုယ်က ကာလတရားရဲ့ လက်သည်းရှည်တွေ  မျက်တောင်ကော့တွေ မျက်နက်ဝန်းတွေ မင်းအိပ်မက်ထဲ ညကြီးသန်းခေါင် ဖုန်းဝင်လာရင် အဲဒါ ငါပါ ငါ့ကတိစကားတွေပါ ငါ့တုန်လှုပ်မှုတွေပါ မနက်နှိုးစက်က ဒီအေးစက်ထုထည်ကြီးထဲ ဖောက်ဝင...

ငါ့သူငယ်ချင်းတွေ အိမ်ပြန်သွားကြတဲ့ နေ့တုန်းက ငါ ငရုတ်ပင်တစ်ပင် ဝယ်တယ်

ငါ့သူငယ်ချင်းတွေ အိမ်ပြန်သွားကြတဲ့ နေ့တုန်းက ငါ ငရုတ်ပင်တစ်ပင် ဝယ်တယ် နွေလယ်ရက်တွေမှာမှ ငှက်တွေက တလျှောက်လုံး မရပ်မတန့်နိုင်အောင် တစူးစူးအော်နေတာ ငါ့ဦးနှောက်မျှင်တွေထဲ သူတို့ရဲ့ လှိုဏ်သံတွေ အပြည့်နဲ့ ဒီပွဲတော်ရာဆီရောက်ဖို့ ငါ တွားသွားခဲ့ရ ပွဲတော်ရာဆီရောက်တော့ ငါ့ခေါင်းပေါ်ဝဲနေတဲ့ ဟေလိုကွင်းကို မော့ကြည့်ပြီး ငါမပျော်ဘူး မျက်လုံးတွေ မှိတ်ထားလိုက်မှ အမှန်တကယ် မြင်ရတဲ့ တစ်ဦးချင်းဘဝကို ငါမယုံဘူး အိန်ဂျယ်တစ်ပါးလို အနန္တအားရဲ့ မြဲမြံတဲ့လက်တွေနဲ့ ဆုပ်ညှစ်ခံထားရတဲ့ ငါတို့ရဲ့ နှလုံးအိမ်တွေ အဆုတ်ထဲ ရေတွေအပြည့်နဲ့ ဂါလိလဲပင်လယ်ဆီ ခုန်ဆင်းသွားတဲ့ ငါ့ဘယ်လက်ထဲက ဆင်းတုရုပ် ဒီမိုးသက်လေနှင်ထဲ ငါ့တိုင်းပြည်ကို စုစည်းထားနိုင်တဲ့ ဗဟိုက ဘယ်မှာရှိနေမလဲ ငါတွေးတယ် ဒက္ခိဏလေရိုင်းနဲ့ ဓားလွတ်ကိုင်သူရူးတို့ရဲ့ သွေးသားဆုံချက်ကို မျက်မြင်တွေ့ရဖို့အတွက် ဒီတောင်ထွဋ် အမြင့်ကြီးပေါ် ကုန်းရုန်းတက်တော့မှ အပေါ်ကနေ စီးမြင်ရတဲ့ မြူခိုးဖြူထု ဒီလို နိုင်ငံတော်ရဲ့ ဆန့်ထုတ်ထားတဲ့ လက်ညှိုးကို ထိနိုင်ခွင့်အတွက်ကိုပဲ ငါတို့ ထောင်ထားခြားနားခဲ့ရ အဝါရောင်နောက်ခံဘဝမှာ မင်းကို တရှိုက်မက်မက် နမ်းနိုင်ဖို့အတွက်ကိုပဲ နယ်ခြားကို ငါ ကျော်ဖြတ်...

ကိုယ့်ဘဝကို ရေထဲမျှောနည်း အလောသုံးဆယ်

 သွေးဟာ ကိုယ့်တစ်ဘဝလုံးကို ရှေ့ကနေ ကာထားတယ် နောက်ကြောင်းပြန် လရောင်အောက်က မင်းဒဏ်သင့် ခိုငှက်တွေလို ကိုယ်တို့ အလာစကာကို အရပ်မျက်နှာအနှံ့ လိုက်ရှာခဲ့ကြတာ သွေးဟာ ကိုယ့်တစ်ဘဝလုံးပဲ နောက်ကနေ လိုက်နေတယ် အပြန့်အကျယ်ကြီးကို ကြည့်ရင်း ချောက်အနက်ကြီး ပေါ်လာတာ ဒီမြစ်အတိုင်း လိုက်သွားရင် ဘယ်စစ်ပွဲတွေဆီ ရောက်သွားမလဲ ကိုယ်မသိလိုက်ခင်မှာပဲ အိုဖီလီယာ ခူးနေတဲ့ တောရိုင်းပန်းတွေလို မင်းခြေအိတ်ဖြူက ကိုယ့်လက်ထဲမှာတင် အနီရောင်ပြောင်းသွားတယ် မင်းရဲ့အဆန်းတကြယ်ကို ကိုယ်တို့ ဘာသားနဲ့ ထုသိမ်းထားမလဲ ဒီမြို့ကို အုပ်မိုးနေတဲ့ တောင်ထိပ်က တိမ်ခိုးတွေကို ကိုယ်မေးကြည့်တော့ ကိုယ်တို့ရဲ့ နှစ်ဦးသား ယုတ္တိတွေက မိုးနတ်မင်းကြီး လက်ဖဝါးတော်ထဲမှာ ဒီဇာတ်ကို ထုပ်သိမ်းထားတဲ့ ဇာတ်ထုပ်ကို ရှာတွေ့ပြီ ဆိုတဲ့အခါ ရေက ဘယ်မလဲ ကိုယ့်ကမ္ဘာရဲ့ ဘဒ္ဒလမ်းမတွေ ဘယ်မှာလဲ မေးခွန်းတွေ အပြည့်နဲ့ ဥမင်တစ်ဖက်ကနေ အလင်းရောင်က လာနေပြီ ဒီနေ့ညလို ကိုယ့်အိပ်ရာဆီမှာက မင်းကျန်ခဲ့တဲ့ နက်ပြာရောင် တိမ်တွေ စူးတောက်နေတဲ့ ရထားမီးကို စိုက်ကြည့်ရင်း ကိုယ့်မှာ အသက်ပို ပါနေသလို မင်းမရှိတော့ ဒီယာဉ်ကို ကိုယ်လက်လွတ်စပယ် မောင်းနေမိတယ်
 ဒီရက်ပိုင်းတွေမှာ ကိုယ်တို့တတွေ အ...

မြစ်ကြောင်းပြ

မြစ်တွေက တောင်တန်းတွေရဲ့ သတင်းစကားကို ငါတို့ဆီ သယ်ယူလာတယ်   နိုင်ငံတော်ရဲ့ လှံစွပ်ထိပ်မှာ ငါတို့ဘဝတွေဟာ အဆုံးမဲ့ အစမဲ့   ငါတို့အသက်တွေဟာ အဖိုးမဲ့ အခမဲ့ လမ်းကြုံသူရဲကောင်းရှိရင်   ဧကရာဇ်ဆီ ငါ လူကြုံမှာလိုက်ချင်တယ် အရှိန်မတင်ခင် နောက်ကြည့်မှန်ကို တချက်လှမ်းကြည့်လိုက်မိတော့မှ   ကတ္တရာလမ်းဟာ ငါ့ငယ်ဘဝရဲ့ လိမ္မော်ရောင်ပြာမှုန်စတွေကို တလျှောက်လုံး   သယ်ဆောင်လာခဲ့မှန်း သိရတော့တယ် ဒီလိုနဲ့   သူ့ကိုယ်တလျှောက် မိုးပေါက်တွေ တဖောက်ဖောက် ကျလာတယ်   မြစ်ရေတွေ ငါတို့ရဲ့အတိတ်သမိုင်းအပေါ် တရိပ်ရိပ်   လျှံကျလွှမ်းမိုးသွားတယ် ဒီလိုမျိုး ငါ အဓိပ္ပာယ်မဲ့မှုတွေကိုမှ   အငမ်းမရ ရှာဖွေနေခဲ့တယ် ငါရှာတွေ့တယ် ပြီးတော့   သူတို့အဓိပ္ပာယ်ရှိသွားလို့ ငါ အာခေါင်ထဲ လက်ထိုး အန်ထုတ်ခဲ့ရတယ်   မြစ်တွေက ငါတို့ရဲ့ ဦးနှောက်အပိုင်းအစတွေကို   အနီရဲရဲ နံရံတစ်ချပ်ဆီ နုန်းတင်မြေနုလို ပို့ချသွားတယ်   ငါတို့ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်မောင်းတင် ချိန်ရွယ်နေတဲ့   အာဏာပါးကွက်သားတပ်စု ငါတို့ဟာ နန်းရင်ပြင်နဲ့   အဝေးဆုံးတောင်...

စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်

နေရောင်အောက်က မြားတွေ စက္ကူမြို့ဆီရောက်ဖို့ လိုအပ်မယ့် ခရီးအကွာအဝေး အတိုင်းအဆကို   ကိုယ်မခန့်မှန်းတတ်ဘူး   အချိန်ကာလရဲ့ တဖြောင့်တည်း စီးဆင်းနိုင်စွမ်းနဲ့   တစ်ချိန်တည်းမှာ အဆက်မပြတ် လည်ပတ်နိုင်စွမ်းကို   ကိုယ်နားမလည်ဘူး   ကိုယ်တို့ကြားထဲမှာ မြင့်မားမတ်စောက်နေခဲ့တဲ့ တောင်တန်းတွေရဲ့   အမည်နာမနဲ့ ဘာသာဗေဒကိုလည်း ကိုယ်မသိခဲ့ဘူး   ကိုယ်သိတာက   ကိုယ်ပေးပို့လိုက်ပေမယ့် မင်းဆီမရောက်ခဲ့တဲ့ နှင်းဆီအနီတွေဟာ   နှင်းမှုန်အဖြူတွေအဖြစ်နဲ့ ကိုယ်တို့မြို့ရဲ့ အပူပြင်းဆုံး နွေရာသီဆီကိုမှ   ဆိုက်ဆိုက်မြိက်မြိုက် ပြန်လည်ကျဆင်းလာတာ   ကိုယ်သဘောပေါက်လာတာက   မင်းကြုံတွေ့ခဲ့ရသမျှ အဖြစ်သနစ်တွေဟာ ကိုယ့်ခြေထောက်တွေကို ဆွဲစုပ်ယူထားတဲ့ အမြစ်နက်နက်တွေ ဖြစ်နေတာ   ကိုယ်မျှော်လင့်မထားဆုံး အချိန်မှာမှ   ဟော့ဘ်စ်ရဲ့ တောကြီးမျက်မည်းတွေဆီကနေ   မင်းပြန်လာတာ   ပြန်လာနိုင်ခဲ့တာ   ပြီးတော့ ကိုယ့်ကို ဝုန်းဆို ပြေးဖက်ခဲ့တာ   မင်းလက်သွယ်လျတွေနဲ့ ကိုယ့်ဆံပင်တွေကို ကိုင်တွယ်ခဲ့တာ ကိုယ် ဇင်ဆရာတော်တစ်ပါးလို အလေးအနက် ...