Posts

There was a teddy bear

There was one Or one One gave one's gift One was gifted There was a teddy bear indeed One was true to one And there was a teddy bear One kept one in mind Putting the teddy bear in arms One became uncertain Of one's existence One laughed One vanished One left Hopping on the lawn Keeping out of sight One sighed One sighted By one chance, there was truly a teddy bear     Paing Nyan     28th June, 2013

မှတ်ဉာဏ်တွေက စကားမပြော (Radio Edition)

၁၆၂၉ ခုနှစ် ရွေးကောက်ပွဲမှာ ဗမာပြည်တိုက်ပွဲစဉ် တစ်လျှောက်လုံး ကျဆုံးလေပြီးသော ဗလာ ဗလာများအား ငါ့ကိုလက်ခလယ်မထောင်ပြနဲ့ ဆောက်ကလေး တတီတူးတွန်ပဲ M4A1 တစ်စောင် email inbox ထဲ ရောက်လာတယ် ကဲ ။ ကဲ ။ အဆောက်အုံပုံစံအသစ်ထဲက နီယိုမဇ္ဈိမယ်လစ်ဇင် / ယုံလော့ငါ့ရှင်တို့ သားငယ် ကြီးလာရင် ခရူးဆိတ်ဒါကြီး ဖြစ်ချင်တယ် မေမေ အာရိယန်တွေကို သိပ်မုန်းတာပဲ (သိပ်... ဟုဆွဲ၍ရွတ်ဆိုရန်) ဂျူးတွေက ချပ်ဝတ်တန်ဆာ အပြည့်အစုံ စစ်ထွက်အလံ (အွတ်) Denial of Service ။ ငြင်းပယ်ခြင်းအတွက် လုံလောက်တဲ့ ဆောက်ကြောင်းပြချက် ကောင်းတဲ့ နာရီတွေက ငါ့မျက်ခွက်ကို စက္ကန့်တံတွေနဲ့ ဖြတ် - ခဏလေးနော် ဟိုင်းတီး / ဟိုင်းတီး ( ဟိုင်းတီး ) ဟုတ်ကဲ့ ၁၉၄၅ ရန်ကုန်မြို့ကိုသိမ်းတာ ကျွန်တော်မဟုတ်ဘူး မေမေ SMS means Someone \ Seriously Missing Someone \ Seriously \ Shit အိုကီနာဝါကျွန်းပေါ်က အလည်အပတ်ခရုဟာ မရိန်းတပ်သား ၃ သောင်း ကန့်ကွက်ဆန္ဒပြခြင်းအနုပညာပါခင်ဗျာ ကျွန်တော်တို့ ကျွန်မတို့သည် water jet cannon နဲ့ ထိုးပါ - smoke bomb နဲ့ နှိမ်နင်းပါ - pepper sauce နဲ့ ပက်ပါ rubber bullet နဲ့ ပစ်ပါခင်ဗျာ ,,!,, ကျွန်တော့် iPod ထဲမှာ ခင်ဗျားရဲ့ လူမှ...

Somewhere on the net

    there was a community fish with huge chin clocks reveal the nuke art on utube one for hell one for paradise hell no we of course we missed the balls planned to click trigger sensitivity minus ninety three bang a button and world goes boom somewhere on the earth there is a seal to perform commercial killing of time tick tick tok may i have your attention plead kaboom and whatsya genus naame species name fella         Paing Nyan     12th June, 2013

ပိတ်ကားပေါ်မှာ ပြသပြီးစီးကြောင်း စာတန်း

ပိတ်ကားပေါ်မှာ ပြသပြီးစီးကြောင်း စာတန်း ဝမ်းနည်းထိတ်လန့်စရာ အမှန်တရား ရောက်မလာခင်မှာပဲ ဘွတ်ဖိနပ်ကြိုးချည်နေတဲ့ အမှန်တရားဟာ လောကတစ်ခုလုံးစာအတွက် - hak ကြိုးပြတ်ကျသွားတယ် ။ လေဟုန်စီးဖို့ လွတ်လပ်ခွင့်ရသွားတဲ့ စွန် ကြိုးတွေကို ချည်ထားတာမှမဟုတ်ပဲ အရိပ်တွေက ချည်နှောင်ထား လမ်းတွေရွေ့နေတယ် လူထုကိုရွှေ့ ။ စိတ်တိုင်းကျ အသေအချာနားထောင်မိရင် ချောင်ပိတ်ခံရတဲ့ ခံစားမှုတွေ ထပ်ရဦးမယ် အဲဒီနှစ်ရဲ့ အဲဒီနွေကျောင်းပိတ်ရက် ။ Walking Disaster* သီချင်းစာသားတွေကို မကြားချင်ယောင်ဆောင်ထားတယ် ။ ကမ္ဘာက ဘာမှမဖြစ်ခဲ့တဲ့ ပုံမျိုး စောက်တလွဲ လူတစ်ယောက်ကို အရမ်းကျေးဇူးတင်ဖို့ ကောင်းခဲ့သင့်တာ / လက်ဖဝါးပေါ်မှာ ဘာရှိလဲ လက်ဖမိုးပေါ်မှာ stay away from the text ငါတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်ခွင့်ရမှာ ငါ့လက်ကို ဆုပ်ကိုင်ထား လွှတ်မချပစ်လိုက်နဲ့ ဆုဖလားဘယ်လောက် သိမ်းပိုက်ခဲ့တဲ့ နယ်နိမိတ်အကျယ်အဝန်း စတုရန်းကီလိုမီတာဘယ်လောက် သမိုင်းတင်မခံရတဲ့ ခုနှစ်သက္ကရာဇ်ဘယ်လောက် ဖလက်ရှ် အထိတ်တလန့်ဖြစ်စဉ်တွေပဲ သမိုင်းစဉ်တစ်လျှောက်ဟာ ငါ့နံရိုးကိုဆုပ်ကိုင်ထား ဟွန်းမြည်တယ် ကျောင်းကားတတိတိရပ်သွားတယ် ကားတံခါး ဝေါဆို ပွင့်လာတယ...

လူလုပ်မှတ်ဉာဏ် - ၆

တစ်ခုခုကို လှုပ်ခတ်ရတော့မယ်ဆို ငွေရောင်လက်လာတာ ဆိတ်ငြိမ်မှုတွေ တနံတလျား ကိုယ့်ဆီ တိုးဝင်လာနေတယ် လက်ရေးဝိုင်းလေးအတွက် အာမေဋိတ်တွေ မရေရွတ်ဖြစ်တော့ဘူး ကိုယ့်မှာတော့ - သတိတရစိတ်ကို ပိတ်သိမ်းထားလိုက်တော့မလို့ ဒါမှမဟုတ် လေထုထဲ သွန်ချမိလိုက်တော့မလို့ ကိုယ်ထင်ထားတာတွေ လွဲချော်ခဲ့တယ်ပဲ ဆိုကြပါစို့ အဲဒီလက်ရေးဝိုင်းလေးတွေမြင်မိတိုင်း ကိုယ့်လက်ဖမိုးကိုပဲ ပန်းရောင်လေဟာနယ်တွေ တစ်ခါပြန်စိုက်ဝင်နေ ပြန်သတိထားမိရတယ် ကိုယ် အရင်အခိုက်အတန့်တွေလိုပဲ ခံစားရတယ် ရှူးဖိနပ် နက်တိုင် ကုတ်အင်္ကျီနဲ့ဆို ရင့်ကျက်ပြီထင်မိခဲ့တာ အသက်အရွယ်ဟာ ကိန်းဂဏန်းတစ်ချို့တစ်လေပဲ ဖြစ်မှန်း ကိုယ့်ကို မတားပါနဲ့ ။ ကိုယ့်မှာတော့ သတိတရစိတ်ကို မီးကျည်တွေ လေထုထဲ ပစ်တင်လိုက်ကြပြီ ကိုယ့်မှာ အိန်ဂျယ်ဆန်တဲ့ နမိတ်ပုံတွေ မရှိတော့ဘူး နာမ်သိစိတ်ကို ကိုယ်သိတယ် ။ ကိုယ်ဘာလဲ ပြန်မသိဘူး ဆိပ်ခံတံတားပေါ် အတောင်ပံဖြန့်ဝဲနေ / စင်ရော်တွေအများကြီး ကြည့်ဖြစ်တဲ့နေ့ ကိုယ်တစ်ယောက်တည်းရဲ့ မှတ်ဉာဏ်ဆီ အချိန်ကာလတွေ တိုးဝင်လာနေတယ် ။ နေရာဒေသတွေ ပြေးထွက်သွားနေတယ် ပြန်သတိထားမိရတယ် အစိတ်အပိုင်းတစ်ခုဟာ အစိတ်အပိုင်းတစ်ခုစာပဲ နာသင့်တာပေါ့ကွယ် ကိုယ့်နာ...

Flare Drama

မြောက်ပင်လယ်မှာ ပျက်ကျသွားတဲ့ လေယာဉ် မြောက်ပင်လယ်မှာ ပစ်ချခံလိုက်ရတဲ့ သိုးထိန်းလေယာဉ် လေသူရဲဟာ ထွက်ခွာခါနီး ။ ဘုရားသခင်ကို နှုတ်ဆက်သွားတယ် လေသူရဲဟာ သူ့ရဲ့မျှော်စင်ဆီ သတင်းပို့နေခဲ့တယ် အရွယ်အစားတူ လေယာဉ် အမျိုးအစားတူ လေယာဉ် ပျောက်ဆုံးသွားတဲ့ ရဲဘော်ကို ။ ပစ်ချခံလိုက်ရတဲ့ ရဲဘော်က ။ ဒန်းကက်ဆုတ်ခွာမှုဟာ ဒီနေ့ကမ္ဘာကို ဖြစ်စေခဲ့တယ် မေဒေး ။ မေဒေး ။ မေဒေး ။ အမြင့်ပေတွေ ခပ်မြန်မြန်ကြီး နိမ့်ဆင်းလာနေတယ် ငါ့ ညာဘက်အတောင်ပံ ထိသွားပြီ I'm hit ! I'm hit! ကမ္ဘာဟာ မီးခိုးတလူလူ ထွက်လာနေတယ် ခေါင်းပေါ်တည့်တည့် ဇီးရိုးသံတွေ ဆူညံပွက်ရိုက် ။ လေကြောင်းရန်ကာကွယ်ရေး စနစ်သစ်ကို မိတ်ဆက်ပြသအပြီးမှာ ဆက်သွယ်ရေးကွန်ရက်ကို ။ ဖြတ်တောက်လိုက် ။ ယူဘုတ်တွေ ဝပ်ကျင်းထဲက အဆက်မပြတ် တိုးထွက်လာ လူမှုရေးရာဘန်ကာတည့်တည့် ခွင်းဗုံးနှစ်လုံး အတည်ပေါက်ကြီး ကျဝင်ကွဲ ကမ္ဘာလုံးဆိုင်ရာ ။ သင်္ကေတရုပ်ပြကာတွန်း ။ မီးခိုးတအူအူ တိုက်ပွဲတွေက ပရော်ဖက်ရှင်နယ် တစ်ချို့ရှင်ကျန်ခဲ့တယ် ။ တစ်ချို့ ။ ကျွန်တော်ပဲသိတဲ့ space တစ်ခုရှိတယ် - တည်တည်တန့်/တန့် လေထုဖိအားဟာ လေယာဉ်နောက်မြီးတွေမှာ ပိုပါးလွှာမှန်း တစ်ယောက်နဲ့ တစ်ယောက်ကြ...

လူလုပ်မှတ်ဉာဏ် - ၅

      လူလုပ်မှတ်ဉာဏ် - ၅ ဗီဇစိတ်ထဲ text တစ်ခု ခုန်...ခုန်ဝင်လာ ကြယ်တွေရွေ့နေတာလား ကမ္ဘာရွေ့နေတာလား ဒီအတောအတွင်း ဂရုစိုက်ခဲ့တာတွေအတွက်ဆိုပြီး ဗီဇစိတ်က text ကို လက်ခံလိုက်တယ် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဆီရောက်မလားဆိုပြီး ကြယ်တွေရွေ့နေတယ် ကမ္ဘာရွေ့နေတယ် တစ်ခုပဲရွေ့တယ် နှစ်ခုလုံးရွေ့တယ် သို့လော ။ သို့လော ။ ငါတို့မှာ ကံကြမ္မာမရှိခဲ့ဘူး // ငါတို့ဘက်မှာ ကံကြမ္မာ မရှိဘူး အမှတ်(၂) ယန္တရားတပ်မဟာ အရမ်းကို အရှိန်ပြင်းပြင်းမောင်းဝင်လာ ဆက်သွယ်မှုကွန်ရက်ထဲက အညိုရောင်မီးလေးတစ်လုံးကို ၂၄ နာရီခြားတစ်ခါ ထုတ်...ထုတ်ကြည့်ဖြစ်တာကလွဲလို့ အရေခွံဖြစ်တည်မှုဟာ ကျန်းမာရေးကောင်းကောင်းမွန်မွန်ပဲ အိန်ဂျယ်က သံတမန်ဆန်ဆန် ငြင်းဆန်တတ်လာတယ် ပစ်လွှတ်ထားတဲ့ လျှပ်စီးကြောင်းတွေကြား ငရဲက သူ့ရဲ့ဂိတ်ပေါက်တွေကို ဖွင့်ပေးလိုက်တယ် ငါက အလင်းတွေသယ်ယူလာပြီး မင်းရဲ့မနက်ဖြန်ကို တောက်ပပေးပါ့မယ် OH - O text က အရမ်းကို အရှိန်ပြင်းပြင်းမောင်းဝင်လာ ကိုယ့်မှာတော့ မှတ်ဉာဏ်တွေကို ခေါက်သိမ်းထားလိုက်မိတော့မလို့ ဒါမှမဟုတ် လေထုထဲ ပစ်လွှတ်မိလိုက်တော့မလို့        ပိုင်ဉာဏ်     ...