Posts

လူလုပ်မှတ်ဉာဏ် - ၁၁ (Interlude)

မြေအောက်ခိုကျင်းထဲက ထွက်လာပြီးကတည်းက နေ့စဉ်လှုမှုဘဝဟာ အမြဲဆိုသလို မနေ့ကပဲ တဝေါဝေါအော်မြည်စီးဆင်းနေတဲ့ ရေတံခွန်က နောက်နေ့ ဗလာဟင်းလင်းဖြစ်သွားတာမျိုး အမြဲပြောင်းလဲနေတယ်ဆိုတဲ့ကမ္ဘာမှာ အနည်းဆုံးတော့ ခင်ဗျားသက်တမ်းတစ်လျှောက် တည်ရှိနေမယ်ယုံမှတ်ထားတဲ့ အကောင်အထည်တွေ ဥပမာ အငွေ့ လူအဖြစ်ရဲ့အပြစ်ဒဏ်ကို ကျွန်တော်တို့ခါးပတ်လည်မှာ ကျစ်ကျစ်ပါအောင်ပတ်ထားပြီး ဘယ်တော့ထပေါက်ကွဲမယ် မသိနိုင်တာမျိုး တစ်ချိန်တည်းမှာပဲ နောက်စကြဝဠာတစ်ခုမှာ ခင်ဗျားရဲ့လူမှုဘဝဟာ ကျွန်တော့်ရဲ့လူမှုဘဝဖြစ်နေနိုင်တာ လည်ပတ်နေတဲ့အမှုန်တစ်ခုကြောင့် သေနတ်မောင်းပြုတ်ပြီး ဦးခေါင်းခွံထဲ တိုးဝင်သွားတဲ့ကျည်ဆန်ကို နောက်ထပ်စကြဝဠာတစ်ခုမှာ ကျွန်တော်က သွေးရူးသွေးတန်း တော်လှန်ဖို့ ကြိုးစားနေတာမျိုး ခင်ဗျား ထောက်ခနဲမီးညှိလိုက်တဲ့ဆေးလိပ်ဟာ တစ်ခြားအကောင်အထည်တွေအတွက် တဖျစ်ဖျစ်မြည်ပြီး လောင်ကျွမ်းပျောက်ဆုံးသွားတဲ့ တွင်းနက် ကျွန်တော်ဟာ ပြာမှုန်တွေရဲ့ဖြစ်တည်မှုကို ယုံကြည်ပါတယ် ကျွန်တော်ဟာ ဘေးလွယ်အိတ်ထဲမှာ အချိန်ယန္တရားကိုထည့်ပြီး မြို့လည်ခေါင်မှာ သူမနဲ့တွေ့ဖို့ ချိန်းဆိုထားပါတယ် အဲဒီအတွက်ပဲ သူတို့ရဲ့အရိပ်တွေက ပိုမိုနက်ရှိုင်းလာရ...

[ Untitled ] - ဏေသစ်

[ Untitled ] ငါ့ မကောင်းမှုတွေအတွက် ဘယ်သူမှ ပြန်မပေးဆပ်ရဘူး။ ငါ့ဟာသကို နားမလည်သူတွေရဲ့ အောက်ဆီဂျင်ပိုက်ကို အကောင်းဆုံး recycle လုပ်နိုင်ဖို့ ငါ စဉ်းစားတယ်။ ကယ်ဆယ်ခြင်းမခံရတဲ့ နှလုံးသားတွေအတွက် တီဗွီရှေ့ထိုင်ခုံမှာ နောက် ခုနစ်နှစ် ထပ်ကြာသွားတယ်။ တံခါးကို ဆွဲစေ့ထားတဲ့ လက်ကို တစ်နေရာမှာ လက်အုပ်ချီလျက် အနေအထားအတိုင်း မြင်ဖူးတယ်ဆိုတာ ပြတ်နေတဲ့ လက်တွေကို ကြည့်ရင်း သေချာ မှတ်မိသွားတာပါပဲ။ လုံခြုံရေး ကင်မရာ အချင်းချင်း တစ်လှည့်စီ စစ်တုရင်ထိုးနေတဲ့ နေရောင်အောက်မှာ အသစ်အဆန်းဆိုတာ ယုံကြည်မှုပဲလို့ အရှေ့အလယ်ပိုင်းက လူတွေ ကြားအောင် ငါတို့ sound box တွေ တာဝန်မကျေခဲ့ဘူး။ ဒီဇာတ်ညွှန်းအတိုင်းဆို လူ ကနေ ပိုးဟပ်ကြီး ဖြစ်သွားရမယ့် နေရာဟာ စူပါမားကတ်ရဲ့ အဝတ်လဲခန်း တစ်ခုခုပဲ။ အိမ်သာနံရံက ဆေးကွာနေတဲ့ ဂရပ်ဖစ်တီတွေကို ကျောက်စာတွေလို ငါ တစ်လုံးချင်း အနက် လိုက်ဖွင့်တယ်။ ရေပိုက်ခေါင်းထဲမှာ သားစားငါးမန်းတွေ တဝုန်းဝုန်း ကူးခတ်နေတယ်။ လက်ရှိကမ္ဘာနဲ့ မလုံလောက်ရခြင်းဟာ ငါတို့အတွက် အမြဲတမ်း အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်ခဲ့တယ်။ ဒါ masochist တစ်ယောက် ယုံကြည်တဲ့ အနီးစပ်ဆုံး ကောင်းကင်ဘုံပဲ။ ပြီးတော့ မင်းတိ...

(=_=)

ညက ဘယ်လိုည ငါမကြားနိုင်တဲ့ အမှောင်ထုထဲ နေ့နေ့ညည ငါအော်တယ် ။ ငါလွမ်းတယ် ။ အသံတိုင်းဟာ ခရီးတိုင်းမှာ ဖြန့်ကျက် ဘယ်လိုခရီးမျိုးနဲ့လှမ်းမှ မင်းဆီရောက်မလဲ ရေငုပ်သင်္ဘောတွေ နေတဲ့မြေ ငါ့ဝေးစိတ်ဟာ ငုပ်ငုပ်လျှိုးလျှိုး မင်းကြည့်ငေးနေတဲ့ ပြတင်းဘောင်က စိမ်းတယ် မင်းနာမည်ပေးထားတဲ့ ကိုင်းတပ်ခွက်က ကြမ်းပေါ်ကျကွဲတယ် ငါ ဘယ်လိုဟာသမျိုးကို ဆက်လက်ရယ်မောရမလဲ စိတ်လိုလက်ရရှိလာတိုင်း မင်းက အရှိတရားဆီက ထွက်ပြေးတယ် တစ်ယောက်ယောက်ဖြစ်ဖြစ် ငါ့ကို လေထုနဲ့လွတ်ကင်းရာကို လွှတ်တင်ပေးပါ နေ့လည်ခင်းက ပျော်ရွှင်ပြခဲ့သမျှ အခု စုပြုံထိခိုက်ရတာပဲ လွန်ခဲ့တဲ့ ၅၄ မိနစ်ကို ငါထိုင်ကြည့်နေခဲ့ ။ လွန်ခဲ့တဲ့ ၅၄ မိနစ်ကို ဂြိုဟ်ကမ္ဘာက ငါ့ဆီပြန်ပို့ပေးဖို့ ။ တေးသွားအဝါတွေလို မကြွေကျခဲ့ကြရအောင်ပါ အဲဒီလိုမျိုး မင်းမျက်ဝန်းတွေမှာ ငါမကြွေကျခဲ့ရအောင်ပါ တစ်ချို့ကမ္ဘာတွေရဲ့ ဆယ်သွယ်မှုတိုင်းက ငါ့ဆီဘယ်ရောက်လိမ့်မလဲ မင်းရဲ့ဘက်ခြမ်းမှာလည်း ညက ဘယ်လိုည     ပိုင်ဉာဏ်     30th November, 2015

နောက်ဆက်တွဲဇင်မောင်ကျော်ကိုကိုသန့်

နောက်ဆက်တွဲဇင်မောင်ကျော်ကိုကိုသန့် ထီးတစ်လက်ကို ကောက်ကိုင်ပြီး ဒုတိယအကြိမ် မျက်လုံးတွေကို ပြန်မှိတ်ချလိုက်တယ်။ ၁၈ နှစ်အရွယ်သူက ချက်ချင်းပဲ ၂၃ နှစ်ရောက်သွားတယ်။ နောက်ဆုံးအကြိမ် သူတို့တွေ့ကြတုန်းက သူချစ်တဲ့ကောင်မလေးဟာ လေဆိပ်တိုင်းမှာ ရောက်နေပြီ။ ဘဝကို ဒဏ်ရာတစ်ခုလို ဇင်မောင်ကျော်ကိုကိုသန့် လှမ်းခေါ်တယ်။ ပြန်မလာနိုင်တော့မယ့်အရာတွေအတွက် ဇင်မောင်ကျော်ကိုကိုသန့် ဂိုးပေါက်ချော်သွားတဲ့ ဟာခနဲ အသံမျိုးနဲ့။ မမျှော်လင့်ပဲ တစ်စုံတစ်ယောက်နဲ့ အချိန်အတန်ကြာရယ်မောခဲ့ခြင်းဟာ ကိုယ့်လက်ထဲ ဘာမှ ရှိမနေတဲ့အကြောင်း ကိုယ့်ကိုယ်ကို ပြန်အသိမပေးတာပဲဆိုတာကို ဇင်မောင်ကျော်ကိုကိုသန့် ကောင်းကောင်းသိတာပေါ့။ လက်ရှိသက္ကရာဇ်မှာ ချစ်ရသူရဲ့ နာရီဒိုင်ခွက်တွေ တစ်ခုမှ မရှိကြတော့ဘူး။ ဇင်မောင်ကျော်ကိုကိုသန့်ဟာ နေ့စဉ်ဘဝကို သွေးအေးအေးနဲ့ကြည့်ရှုတတ်တဲ့ ဇာတ်ကောင်တစ်ယောက်လို ဖြတ်သန်းခဲ့သူပါ။ ပထမတစ်ခါ ခေါင်းငုံ့ချလိုက်တုန်းက ဇင်မောင်ကျော်ကိုကိုသန့်ဟာ ရုတ်တရက် အသက်တွေအရမ်းကြီးလာပြီး ငယ်သေးတဲ့သူ့ကို ထားခဲ့တာလေ။ ဇင်မောင်ကျော်ကိုကိုသန့်ရဲ့ အိမ်ပြန်လမ်းမတွေက မှောင်သင့်တာထက် ပိုပြီးတော့မှောင်တယ် ။ ဘဝမှာ သူမမြင်ချင်တဲ့အရာတွေကပဲ သူ့ကို ချော...

ကဗျာဟာ ငါ့ကိုဗဟိုပြုမလို့ဆို။ ဒီလိုနဲ့ပဲ

ဟုတ်ပါတယ်။ ဒီသတင်းအမှန်ပါပဲ။ ကိုယ့်လက်တွေကို သူကိုင်တွယ်ခဲ့တယ်။ မင်းသိတဲ့အရှိတရားကို ကျနော်စောက်တလွဲကြီးပြောပြမလို့။ ကိုယ့်ကို မင်းယုံကြည်တယ်မလား။ လူမရှိတဲ့တံခါးတွေတိုင်းကို လိုက်ခေါက်တယ်။ မဖွင့်ရကောင်းလားဆိုပြီး နေ့စဉ်ထုတ်သတင်းစာကို မီးတင်ရှို့တယ်။ မင်းမြင်ပါတယ်။ မီးခိုးတွေက တိမ်ရောင်ဖြစ်သွားပြီး တိမ်တွေက မီးခိုးရောင်ဖြစ်သွားတာ။ ကိုယ့်ရှေ့မှောက်မှာ ရှိတယ်ဆိုတဲ့ ကိုယ့်ရှေ့မှောက်ထားတဲ့ ကိုယ်ဟာဘာလဲ။ ကိုယ်ဘာသိမှာလဲ။ paradox ထဲမှာ ကိုယ်ဟာ မင်းအတွက်အရှိတရားပဲ။ မင်းဟာ ကိုယ်ပဲ။ ကျနော်မင်းနဲ့ လက်ထပ်ခဲ့တာပေါ့။ ပြီးတော့ ကိုယ့်ကိုမွေးဖွားခဲ့တာပေါ့။ အဆုံးမှာ မင်းကို ကိုယ်ပဲပစ်တာ။ ဟော တွေ့လား။ ကျနော်ပြောပြတဲ့ အရှိတရား။ ရွေးကောက်ခံဆိတ်တွေဟာ တကယ်ပါဆို။ မင်းပြုတဲ့ဗဟိုဟာ သူတစ်ပါးရဲ့လိင်အင်္ဂါဖြစ်နေတာ။ keep rollin' rollin' rollin' rollin' ကိုယ်စောက်ကောင်းနားထောင်နေတုန်း ကျနော်နဲ့ limp bizkit နဲ့က shut the fuck up လို့ အကျယ်ကြီးထအော်တယ်။ ကိုယ့်ဗဟိုကို ကိုယ်ပြုကြေးဆိုတဲ့ ပိုကာဝိုင်းမှာ မင်းတက်လာတဲ့ဂျိုကာချပ်ဟာ ငါ့အန်ဖတ်တွေ။ ဒီစိတ်နေစိတ်ထားကို ကိုယ်ဘယ်လိုမှနှစ်သက်နိုင်မှာမဟုတ်ဘ...

(untitled)

ရက်စွဲတွေဟာ suicidal tendency ကို ဖုံးအုပ်ထုပ်ပိုးထားတယ် ။ ငါ့ဘေးကဒဏ်ရာဟာ ငါ့ရှေ့က တစ်ရွက်ချင်းကြွေကျနေတဲ့ လေထဲပစ်မြှောက်ပြီးမှ ပြန်ဖမ်းရတဲ့ မပျော်ရွှင်မှုနဲ့ သူတို့ရဲ့ အထိမ်းအမှတ်ကိုးကွယ်မှု ။ ငါ့စိတ်ထဲမြင်လာရတဲ့ နှစ်စက္ကန့်တာမှာ ရထားဟာ အခွံပဲကျန်တယ် ။ အရင်ဘဝနဲ့ အခုဘဝကြားက space time continuum တမ်းတမ်းတတ ငါ များ ။ ငါ့ချစ်မြတ်မှုများ ။ ဖုန်းခေါ်ဆိုမှုတိုင်းမှာ ကျလွတ်ခဲ့ရတဲ့ ငါ တွေ ရှိခဲ့တယ် ။ အဆုံးစီရင်မှုတစ်ခုစီတိုင်းက သစ်လွင်တယ် ။ တိုက်ခန်းနံရံမှာ သူ့ကိုရည်ညွှန်းတဲ့သတင်းစကားကို ဖတ်ပြီးပြီးချင်း လေယာဉ်ပေါ် ပြေးတက်သွားတယ် ။ အရင်နှစ်ကာလပေါင်းများစွာ သူ့လေဆိပ်ဆီ အဖြူအမည်းနဲ့ ပြန်လည်ဆိုက်ရောက်လာတယ် ။ အရာရာကို သေခြင်းတရားရဲ့လက်တံတွေလို့ ယူဆတယ် ။ ရုတ်ချည်းဆိုသလို ကားတွေပြေးဝင်လာပြီး သူဟာ အဝေးပြေးလမ်းမကြီးတစ်ခုရဲ့အလယ်မှာ ရပ်နေတယ် ။ ကြောက်လန့်တကြား အော်ဟစ်တယ် ။ အသံလာရာအတိုင်း ပစ်ခတ်လိုက်တဲ့ကျည်ဆန်တွေဟာ သစ်စေ့တွေဖြစ်သွားပြီး မျက်ခွံအောက်မှာ သစ်တောအုပ်ကြီးပေါ်လာတယ် ။ အလင်းရောင်ကို ကျော်ပြေးတယ် ။ လွင်ပြင်ရောက်တော့ မောကြီးပန်းကြီးနဲ့ fox hole တူးတယ် ။ တစ်ကိုယ်စာလုံသွားတော့ သူ့ဆီ ...

Five O'Clock On My Deathbed

နေချင်သလိုနေတယ်ဆိုတာ စောက်စကားအဖြစ်ပဲရှိတာ ရေခဲမုန့်တွေဆီ ငါသွားတယ် ဘယ်မှာလဲ ငါကြားချင်တဲ့ ပေါက်ကွဲလွယ်ဒရမ်သံတွေ မျက်ခုံးနှစ်ခုကို လက်ညှိုးလက်မနဲ့ အသာအယာနှိပ်ပြီးနောက်မှာ ရောက်လာတဲ့တစ္ဆေဟာ ဘယ်လိုမျိုးလဲ ငါ့အသက်ဆယ့်ငါးနှစ်တုန်းက သူငယ်ချင်းတွေနဲ့ ငါ့အသက်နှစ်ဆယ့်နှစ်ရောက်တော့ သူငယ်ချင်းတွေ တူနေသေးတာ လေယာဉ်တစ်စီးတည်းမှာ လေထီးအပေါက်ကိုယ်စီနဲ့ သမုဒ္ဒရာထဲပျက်ကျသွားတာ ငါတို့အံ့သြတကြီးဖြစ်ခဲ့ရတဲ့ မှော်ပညာ မင်းတို့ဘယ်လိုမှ မထင်ထားတဲ့ ဟိုးအဝေးတစ်နေရာမှာ ငါ့အသက်ကို သဘာဝတရားက ဖယောင်းတစ်တိုင်လို မှုတ်ငြိမ်းလိုက်မယ်ဆိုပါတော့ ငါငယ်ငယ်တုန်းကဘဝဟာ ဘယ်လိုမျိုးလဲ တစ်နေ့ပြီးတစ်နေ့ လည်ပတ်နေရပေမယ့် ဘယ်ခရီးမှ မရောက်ခဲ့တဲ့ဘီး ရေတွင်းနက်နက်ထဲက ဘယ်သူမှ ဖောက်ထွင်းမမြင်နိုင်တဲ့ အမှောင်ထုလို လူပေါင်းတစ်သိန်းကို ဆွဲချသွားတဲ့ စတုတ္ထမြောက်လှိုင်းလို မင်းရဲ့ အပြစ်ရှိတဲ့ခံစားချက်ကို မြိုသိပ်ဖုံးကွယ်ပြီး လူမမြင်နိုင်တဲ့ မျက်နှာဖုံးတပ်ဘဝလို စောက်တံခါးတွေပိတ်တယ် စောက်တံခါးတွေဖွင့်တယ် ငါ့ကိုယ်ငါထက် မင်းကိုယ်မင်းက ပိုအရေးကြီးတယ် စဉ်းစားပါ ရော့ ဒီမှာ မင်းအတွက်ငါ့ရဲ့မုဒြာ နောက်ထပ်တစ်ရက်ရက်မှာ ငါတို့ဆက်တွေးကြဦးမယ် ဒါပေမယ့် နတ်ဘ...

here's 2 nvr breakin' down

ဘယ်တော့မှမချိုးဖျက်တော့မယ့်အကြောင်း ငါ့ငယ်ဘဝဟာ အစိမ်းရောင်ရက်စွဲတွေနဲ့ လရောင်ဆိုနာတာနဲ့ တံတိုင်းတွေပြိုကျသွားတာ လက်ကျန်သူပုန်စိတ်နဲ့ rocking chair ကိုယ်စီနဲ့ အဆုတ်ထဲရှိုက်သွင်းလိုက်တဲ့ ဆေးလိပ်မီးခိုးငွေ့တွေနဲ့ မနက် ၂ နာရီကျော်တဲ့အထိ ငါ့နောက်ကလိုက်နေတဲ့ zombie တွေနဲ့ လက်ကျန်လူငယ်ဘဝဟာလည်း ဘာမဆိုဖြစ်နိုင်သေးတယ်မလား     ပိုင်ဉာဏ်     7th September, 2015