Posts

abstract years

အချိန်ကာလထဲမှာ ပျောက်ဆုံးသွားနေတဲ့ မှတ်ဉာဏ်တွေ လူတွေ ပြီးတော့ နောက်အချိန်ကာလတစ်ခုမှာ ပြန်ပေါ်လာရခြင်းတွေ အတိတ်က သစ်ပင်တွေနဲ့ အခုမှ တွင်းနက်ထဲက ထွက်ပြေး လွတ်မြောက်လာခြင်းတွေ အချိန်မြားရဲ့ အရှေ့က ငါတွေ ကာလတရားရဲ့ အလှုပ်အရမ်းက ဒါလောက်တောင် လောင်မီးကျစေသလား တကယ်မရှိတော့တဲ့ အလင်းဆီရောက်နိုင်ခဲခြင်းများ အနက်ရောင်နှင်းဆီခင်းများ ဟိုဘက် ကာလခြမ်းမှာ အရိပ်ဆိုတာ အလင်းတွေရဲ့ လေထုထဲက နမိတ်ပုံပဲ အချိန်ဟာ ဦးတည်ရာမဲ့ ကြောင်လိမ်လှေကားတစ်ခုဖြစ်မယ် အချိန်ဟာ မြို့ရဲ့ ရင်ပြင်ကျယ်တစ်ခု ဒါမှမဟုတ် တရှဲရှဲအစက်အပြောက်တွေကိုပဲ တစ်ဘဝစာအပြည့် ပြသနေတဲ့ ရုပ်မြင်သံကြားစက်တစ်လုံး ဖြစ်မယ် မလွန်မြောက်နိုင်တဲ့ မြူထူထူထဲက သစ်တောအုပ်ရဲ့ မလွတ်မြောက်နိုင်ခြင်းတွေ ဂျက်လေယာဉ်တစ်စီးပေါ် တစ်ယောက်တည်း ပျံတက်ထွက်ခွာပျောက်ဆုံးသွားခြင်းတွေ ပင်လယ်ကိုဖြတ်ပြီး အရင်ဘဝကမ်းခြေဆီ ထိုးဆင်းလောင်ကျွမ်းရခြင်းတွေ နောက်ဆုံးတော့ဆိုတာ မရှိတဲ့ အချိန်ကာလထဲ ပျောက်ဆုံးသွားနေတဲ့ မှတ်ဉာဏ်တွေ ။ လူတွေ ။      ပိုင်ဉာဏ်      18th April, 2020

confetti

လေမတိုက်ဘူး ပြတင်းပေါက်တွေက တအားကြီး မှောင်သွားတယ် စောက်ပြဿနာပဲ လေက ဘယ်မှာလဲ ငါ့ကျောပိုးအိတ်ထဲက အိုဟားရားရဲ့ နေ့လည်စာကဗျာများ စာအုပ်က ဘယ်မှာလဲ ငါသိတာက အချစ်ဟာ မသွားပါနဲ့လို့ တားနေတဲ့ကြားက တိမ်အတုတွေထဲ ပျံတက်ထွက်ခွာသွားတဲ့ လေယာဉ်တစ်စင်းပဲ ငါ ခံစားရတာက အချစ်ဟာ သောကြာညတွေမှာ ငါ့အရိပ်ငါ ပြန်ရှို့နေမိတဲ့ မီးတောက်ပြာလဲ့ပဲ လက်လွှတ်လိုက်ပါတယ်ဆိုတော့ စိတ်ကျ လွတ်ပြေး ဖြစ်သင့်နေတယ်ဆိုတာ ယုံကြည်ပါ အဝေးဆိပ်ကမ်းတွေဆီက ထွက်ခွာရာတိုင်းမှာ ငါမသိနိုင် မထိနိုင် မကြားနိုင်တဲ့ pixel များ ကန်ရေပြင်များရဲ့ ငြီးငွေ့မှုပမာဏကို ငါ့ အမေရိကာနိုခွက် အေးသွားတဲ့အထိ နားထောင်ရင်း စောက်ရမ်းတုန်လှုပ်ခဲ့ရတာပဲ ဘာမှ မရှိတော့တဲ့ညနက်တွေမှာ Radiohead ရဲ့ Creep နဲ့ပဲ ငါပြိုကျပျောက်ဆုံးခဲ့ရတာပဲ သွေးအေးသွားမှ ဒါဟာ ခြောက်ခြားဖွယ်ရာ ဝမ်းနည်းမှုကြီးမှန်း I wish I was special မပြောဖြစ်ခဲ့လို့ ပျောက်ဆုံးသွားတဲ့ စကားလုံးတွေကို ပြန်ရှာဖွေတော့မှပဲ ငါဟာ အခွံသက်သက် အကောင်အထည်တစ်ခုအဖြစ်ပဲ ကျန်နေခဲ့တော့မှန်း ဒီလိုအဖြစ်မျိုးဟာ မြို့စောင့်လိပ်ပြာတွေအတွက်တော့ လေထဲကွဲလွင့်လာတဲ့ ရောင်စုံစက္ကူစတွေ သာသာလောက်ပါပဲပေါ့   ...

Kuro ဖတ်ဖို့ရေးတဲ့စာ

နေဟာ ငါ့ရှေ့တည့်တည့်မှာ ဝင်သွားခဲ့ပြီ။ လေက ငါ့စိတ်တွေ အဝေးကြီးကို လွင့်ပါသွားအောင် တိုက်ပစ်လိုက်တယ်။ တကယ်ဆို သံလိုက်အိမ်မြောင်က အိမ်အရပ်ကိုပဲ ညွှန်ပြနေဖို့သင့်တာ။ အကွာတွေ အဝေးတွေ တစစ်စစ် နာကျင်ကိုက်ခဲ့နေရတဲ့ ချစ်ခြင်းမေတ္တာထုထည်တွေ။ ငါ့ရွေးချယ်မှုတိုင်းဟာ တစ်ဘဝလုံး မှားယွင်းခဲ့ပါတယ်။ နောက်ပိုင်းရက်စွဲတွေ နောက်ဆုံးနေ့ရက်တွေနဲ့ နံရံအောက်ကို စီးကျလာတဲ့ ငါ့နောင်တတွေ။ အမှောင်ထုက ကျယ်ပြန့်သိပ်သည်းလွန်းတော့ ငါ့မှတ်ဉာဏ်ထဲမှာ မင်းပုံရိပ်တွေကို ပြန်မြင်လိုက်တိုင်း ကျလွင့်လာတဲ့ အလင်းမှုန်စလေးတွေနဲ့ပဲ ခုခံနေရ။ နေရာတိုင်းက အလင်းတွေထက် မင်းဆီက အလင်းကိုပဲ ပိုပြီးလိုတာ။ အခု ငါ့မျက်လုံးတွေကို တင်းတင်းမှိတ်ထားလိုက်တော့ မိုးစိုနေမှာစိုးလို့ ဆိုင်ထဲကစောင့်နော် ဆိုတဲ့ ဖုန်းစာတိုတစ်စောင်ရယ် နင်ဝတ်လာတဲ့ လင်းနို့လူသားတံဆိပ်ပါတဲ့ အင်္ကျီပွပွရယ်က ခုန်ဝင်လာတယ်။ နောက်နေ့တွေမှာ ငါ မိုးရေတွေထဲ လျှောက်သွားမိနေခဲ့သတဲ့။ အခုနေ့တွေမှာလည်း ငါ လွမ်းဆွတ်မိုးတိမ်တွေဆီ ဆက်သွယ်နေမိခဲ့။ ကမ္ဘာရဲ့ ကျယ်ပြန့်နိုင်စွမ်းက နင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တိုင်း ငါမြင်နေရတဲ့ ပါးချိုင့်ခွက်လေးလောက် မလှပဘူး ဘေဘီ။ အရာရာဟာ တအားနောက...

လူလုပ်မှတ်ဉာဏ် - ၁၂

ငါ ခပ်ငယ်ငယ်တုန်းက ငါ့အဘိုးနဲ့အဘွားနေတဲ့ ရပ်ကွက်ထဲမှာ တစ်ထပ်တိုက်အိမ်ပုလေးရဲ့ အိမ်အပြင်နံရံက Aa@ ဒီဇိုင်းကို အစွဲပြုပြီး အေသုံးလုံးလို့ခေါ်တဲ့ အိမ်ဆိုင်လေးတစ်ခုရှိတယ် အေသုံးလုံးကနေ ရေခဲသေတ္တာကို သူခိုးခိုးခံရတဲ့အကြောင်း အဲဒီတုန်းက ရပ်ကွက်တစ်ခုလုံးရဲ့ ခေါင်းကြီးသတင်းပဲ ငါ့အဘိုးဆို ခြံတံခါးကို သံချိန်းကြိုးနဲ့ သော့တစ်ထပ် အိမ်တံခါး သော့နှစ်ထပ်ခတ်ပြီးမှ အိပ်ရာဝင်တာ ငါမှတ်မိသေးတယ် ငါ့မှတ်ဉာဏ်ရဲ့ ဘယ်အကြိုအကြားက ခုပြန်ထွက်လာလဲတော့ မသိဘူး ခုနေ ပြန်စဉ်းစားကြည့်တော့ ငါသူငယ်တန်းမှာ မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီးဆိုပြီး ဗိုလ်ချုပ်ခင်ညွန့်ကို လက်အုပ်ချီနှုတ်ဆက်ခဲ့ရတယ် ငါတို့တွေက ပိတ်ဖြူစင်ကြယ်နဲ့ ဖိုးသူတော်လေးတွေပေါ့ သာသနာဆိုတာဟာ အာဏာကို မကျော်နိုင်သလို ငါတို့အဖြူလေးတွေက အစိမ်းရင့်ရောင် ယူနီဖောင်းကို ဦးညွတ်ရိုသေပြခဲ့ရတာပေါ့ ဒူးကလေးတွေပါ ညွတ်ပြီးတော့ တညီတညာလေးပေါ့ အဲဒီနှစ်တုန်းက ငါ့အခင်ဆုံးဖြစ်ခဲ့ဖူးတဲ့ သူငယ်ချင်းပုခုံးကို ဖက်ပြီး အတန်းထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ ငါ့အမေသိမ်းထားတဲ့ အယ်ဘမ်အဟောင်းတွေထဲမှာ ရှိသေးတယ် ငါတို့နှစ်ကောင်လုံး အဖြူလက်တို ဘောင်းဘီရှည် အစိမ်းကိုယ်စီနဲ့ သွားကျိုးကလေးတွေပေါ့ အခုတေ...

hypothetical venom

ဘာကိုမှ မြင်စွမ်းမသာတဲ့ အမှောင်ထုက လေလုံဇကာတစ်ခုလို ငါ့ကို ဖုံးအုပ်ထားတယ် ။ ဒါဟာ မင်းမရောက်နိုင်တဲ့ အဝေးက ငါ့ညပဲ ။ လရောင်ဟာ မျက်စိအောက်မှာတင် ပင်လယ်ဖြစ်သွားပြီး ဒဏ်ရာတွေကို တမျှင်ချင်း ယက်လုပ်တယ် ။ အကွာအဝေးကိုပဲ တိုင်းတာနေရင်းနဲ့ ငါကိုယ်တိုင် အကွာအဝေးတစ်ခုလို အသွင်ပြောင်းသွားရော့မယ် ။ ငါ့နာမည်ခေါ်သံကြားလို့ မော့ကြည့်တော့ လေထီးတစ်ခုက လူမပါပဲ တအိအိဆင်းလာတယ် ။ ငါတွေဝေသွားတယ် ။ ငါပြန်တည်ဆောက်တယ် ။ အတိုင်းအဆမသိနိုင်တဲ့ အစိမ်းရောင် ချောက်ကမ်းပါးစွန်းမှာ မတ်မတ်ရပ်နေဖို့ ငါကြိုးစားတယ် ။ လေတွေ တအားတိုက်လာတယ် ။ ဒီလိုနဲ့ပဲ ငါ့ဘဝဟာ မလိုအပ်တဲ့ စွန့်စားမှုတွေကိုပဲ တောင်းဆိုနေခဲ့တယ် ။ ဒီလိုနဲ့ပဲ ငါ့ကို ဆွဲငင်ထားတဲ့ gravity ကို အသက်ကယ်ဘောကွင်းတစ်ခုလို ငါကိုင်တွယ်မိခဲ့တယ် ။ မှိုပွင့်ပုံတိမ်တိုက်တစ်ခုမှာ ငါ့ပုဂ္ဂလသစ်စေ့တွေကို ချိတ်ဆွဲပေးလိုက်ပြီး လေထုထဲ လွှတ်တင်တယ် ။ ဘဝဟာ မီးကျည်တစ်ခုလို ထိုးတက်သွားပြီး နောင်နှစ်ပေါင်းနှစ်ဆယ်ကျော်ရောက်မှ ခရုပတ်ခွေလို ငါတို့ရဲ့ အစုပြချစ်ခြင်းတွေဆီ ပြန်ဖြာကျတယ် ။ ဒါဟာ ငါဘယ်လောက် လွမ်းနေပါပြီဆိုတဲ့အကြောင်း သဲပေါ်မှာရေးပြီး မင်းဆီလိပ်မူဖို့ ကြိုးစားနေမိခြင...

တိတ်ဆိတ်မှုကို ကြားဖို့ ငါလိုအပ်

အမိုးပေါ် မိုးသံတွေ ကြားတော့ ငါ့ ရှေ့ဆယ်ဘဝ နောက်ဆယ်ဘဝ စိုစွတ်သွား ငါမသိနိုင်ညတွေ တဖျောက်ဖျောက် လမ်းမများ အတိုင်းအဆမသိနိုင်တဲ့ တိတ်ဆိတ်ခြင်းတွင်းနက်ထဲ ငါ့နည်းငါ့ဟန် နှစ်ဆယ့်သုံးနှစ်လုံး အော်ဟစ်ခဲ့ အခုညရဲ့ အခုမိုးတိမ်တွေဆီကမှ ပဲ့တင်ပြန်ရတယ် ညဟာ ဆိတ်ငြိမ်တယ် နက်နဲတယ် စစ်အတွင်းက ချစ်ခြင်းလို ငါ့ကမ္ဘာ လေဟာ တိုးတိတ်တယ်  လှပတယ် မျက်ဝန်းတွေမှိတ်ပြီး လက်ခံယူလိုက်တာနဲ့ မင်းစိတ်ဝိညာဉ်တစ်ခုလုံး စိုလက်သွားမယ့်အဖြစ် ငါ အံ့သြတကြီး ဆုပ်ကိုင်ဖြတ်သန်းမိ ညနက်နက်တွေတိုင်းမှာ အော်ဟစ်ခဲ့ရသမျှ ငါ ပိုမိုတိတ်ဆိတ်မိ ။     ။        ပိုင်ဉာဏ်        16th April, 2017

ကုန်းတွင်းပိုင်း FM

မှန်ထဲငါကြည့်တော့ college essays စာအုပ်ကို ကြောင်က တစ်ရွက်စီ ပြန့်ကြဲဆုတ်ဖြဲထားတယ် ငါ့စားပွဲတင်မီးအလင်းက ဖတ်လက်စစာလုံးတွေကို ပိုမှုန်ဝါးစေတယ် မူလတန်းတစ်ယောက်လို ငါတစ်လုံးစီ ပေါင်းဖတ်တယ် On the road ကိုဖတ်ဖို့ ညနက်၃နာရီအထိ ငါအချိန်ယူခဲ့တယ် ခဲတံချွန်စက်ပေါ်က ငှက်မျက်နှာဟာ တစ်ချိန်လုံး ငါ့ကို စိုက်ကြည့်နေတယ် ငါ တုန်လှုပ်လာတယ် ငါသွေးပျက်လာတယ် အား လို့ စာလုံးပေါင်းပြီး ငါအကျယ်ကြီးအော်တယ် မှန်ကိုပြန်ကြည့်တော့ ပြဒါးမရှိတော့ဘူး ဒီစာကြောင်းကိုရေးဖို့ ငှက်မျက်နှာကိုကိုင်ပြီး ငါခဲတံချွန်တယ် ငါထပ်သွေးပျက်တယ် ဟိုးအဝေးက ဥသြသံကြားတာ ဆေးရုံကားဖြစ်ပါစေ ငါမျှော်လင့်တယ် LED မီးလုံးတစ်လုံးချင်းစီရဲ့ အလင်းမှုန်တစ်စစီအောက်မှာ ငါတစ်ခုကို တစ်စက္ကန့်တိတိစီ တွေဝေတယ် ငါ့အသံဟာ ဒီအခန်းအပြင်ဘက်မှာ မတည်ရှိတော့သလို ခံစားရတယ် ညကောင်းကင်မှာ လေထီးတပ်သားတွေ ခုန်ဆင်းလာတာ ငါမြင်တယ် ဘေးအိမ်ခေါင်မိုးပေါ်ကျလာတဲ့ တစ်ယောက်မျက်နှာကို ငါသေချာကြည့်တော့ ဓာတ်ငွေ့ကာမျက်နှာဖုံးအမည်းအောက်မှာ နှုတ်သီးချွန်ချွန်ကို တွေ့တယ် စားပွဲပေါ်က ချွန်စက်မှာ ငှက်မျက်နှာမရှိတော့တာ ငါသတိထားမိ ငါထပ်ခြောက်ချားတယ် လုံခြုံရေးကင်မရာသာ ...

အနက်ရောင်အလင်းများ

အနက်ရောင်အလင်းများ အမှောင်ထုထဲ တိုးဝင်ပျောက်ဆုံးသွားတဲ့ အမှောင်ထုတွေ ကြယ်တွေသက်တမ်းကုန်ခါနီးရင် တွင်းနက်ထဲခုန်ချပြီး သတ်သေကြတယ် ဘာလို့စွန့်လွှတ်လိုက်တာလဲလို့ ငါ့ကိုလာမေးရင် တကယ့်ချစ်ခြင်းတရားဆိုတာ ဘာ ညာ အကျွံကြီးတွေ လျှောက်ကြွယ်ပစ်မှာ ပြီးတော့ ကြွေကျခဲ့တဲ့ ကြယ်တံခွန်တွေကို ငါလှမ်းတောင်းပန်မှာ      ပိုင်ဉာဏ်      20th June, 2016