Posts

လူလုပ်မှတ်ဉာဏ် - ၉

  အကွာအဝေး(၁)     ဒီဇင်ဘာဆီ နောက်ပြန်ရောက်သွားရပါဦးမည်။ ဒီဇင်ဘာသည် သံသရာအဆက်ဆက်အတိတ်တစ်ခုဖြစ်သလို သက်တန့်ရောင်မှတ်ဉာဏ်တစ်ခုလည်းဖြစ်သည်။ အရှေ့တိမ်တွေအရွေ့အတိုင်းသွားနေရာမှာ လည်ပတ်မှုကအနောက်ဆီသို့ ဦးတည်နေသော အခိုက်အတန့်။ ကြယ်တံခွန်လို အထိုက်အလျောက်စီးဆင်းခဲ့ဖူးသည်။ ဒီဇင်ဘာအရောက်တွင်တော့ တင်းထားသမျှခွန်အားများ ကျိန်စာပြယ်သလို ပျက်ပြယ်ခဲ့ရသည်။ မျက်ဝန်းများနောက်မှအလင်းကို တမက်တမော ရှာဖွေခဲ့မိသည်။ ဒီဇင်ဘာကိုယ်တိုင်သိပါသည်။ အလင်းကိုတွေ့သည်။ မျက်ဝန်းတွေကတော့ သံသရာတလျှောက် ပုန်းခိုထွက်ပြေးသွားဟန်တူသည်။ အဝေးဆီမှ Andromeda ကြယ်စင်စုကို အစားထိုးသတိတရစိတ်ဖြင့် ငေးကြည့်နေမိဆဲမှာပင် အလင်းနှစ်သန်းပေါင်းများစွာအကွာအဝေးသို့ ရောက်လွင့်သွားခဲ့ရသည်။ သို့နှင့်ပင် အလင်းလိုနှင်းသည်းများကြားမှ ခရီးရှည်ချီကာ ဒီဇင်ဘာဆီနောက်ပြန်ရောက်သွားရပါဦးမည်။ အကွာအဝေး(၂) “အိန်ဂျယ်က ငါ့ကိုမှတ်မိသွားတယ် နှုတ်ခမ်းဝိုင်းလေး ဟသွားတယ် မျက်နက်ဝန်းလေး လွှဲသွားတယ် ကိုယ်ပိုင်ယဉ်ကျေးမှုတွေ ဆွံ့အကျသွားသလို”     ကံကြမ္မာဆိုတဲ့ဟာက ဓါတ်ငွေ့ကာမျက်နှာဖုံးတပ်ပြီးလည်း ရောက်ချလာတတ်တယ်။ ငါတို့ထိုင်နေတဲ့ကမ်...

primitive dome model

မြေအောက်လှိုဏ်ခေါင်းထဲ တရှိန်ထိုးတွားသွားနေတဲ့ ရထားတစ်စင်းလို ။ လက်ဖမိုးပေါ် ဖိညှစ်ထားတယ် ။ ဝတ်လွှာအောက်က ဝတ်ရုံအောက်မှာ သွေးခုန်နှုန်း ခိုက်ချက်တစ်ချက်ထိ ။ လိုရာသုံးဝါစင်္ဂပဲ ကိုယ့်ဆရာ ။ ဆေးရုံပေါ်မှာ ရတဲ့ရနံ့ကို သိပ်ကြိုက်တာပဲ ။ အတွေးကိုမီးရှို့ပြီးရလာတဲ့ ပြာမှုန်စတွေကို ငါ အသေအချာသိမ်းထား ။ အလျင်တစ်ခုဟာ ။ အမြဲလို ။ ရေစက်လက်ကျနေတဲ့ နံရံက ကြမ်းခင်းကို လှမ်းအော်တယ် ။ သံသရာအဆက်ဆက် ညွတ်ကိုင်းရပါလို၏ ။ ညောင်ရွက်တွေဆီ ဆုတောင်းတယ် ။ ဗဟိုဦးစီးစနစ်တစ်လှည့် တော်လှန်ရေးစနစ်တစ်လှည့် ။ ကာလတာရှည် သမိုင်း ။ မီးတောက်တစ်တောက်မဟုတ်ဘူး ။ မီးစတစ်ပေါက်က စခဲ့တာ ။ ငါတို့ဟာ အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်ခံဆိတ်တွေ ။ အပတ်တကုတ်ချီတက်လော့ ။ သွေးရည်ကြည်တွေခဲပြီး သွေးမတိတ်တော့ ။ တန်ဖိုးဆိုတာ ငါ့အတွေးထဲမှာ တည်မှီတယ် ။ ၆ လှမ်းလျှောက်ပြီး လဲကျတော့ ချီတက်သူတွေရဲ့အပြစ်ပေါ့ ။ လှံရှည်ကိုင်မြင်းတပ်ရဲ့ ဘာသာစကားအလုပ်ပေါ့ ။ အဝေးရောင်မီးပြတိုက်နဖူးစီးမှာ ဇီဝဆိုင်ရာတားမြစ်ချက်တွေ ။ Amen ငါ့သံသရာကို ယူ ခေါက်သိမ်းထားပေးမယ်မလား ။ ဒီလိုပုံစံခွက်ပါ ။ အထီးကျန်နိုင်မှုက အထီးကျန်ဆန်မှုမဟုတ်မှန်း တခမ်းတနား သိလာရ ။ မျက်လုံးဖ...

အချိန်ဟာ လှေကားတစ်ခုဖြစ်မယ် ငါတော်တော်မတ်စောက်ပင်ပန်းစွာ

*အချိန်ဟာ လှေကားတစ်ခုဖြစ်မယ် ငါတော်တော်မတ်စောက်ပင်ပန်းစွာ* ကြိုးပေါ်တန်းထားတဲ့ တကယ့်အစစ်အမှန်လက်တွေ့ ။ ဆံနွယ်ခွေချထားတာကအဆုံး ပိတ်ထားလို့ရတဲ့အသံနဲ့ ပိတ်မထားတဲ့အသံ တိုက်ဆိုင်ထားတဲ့ ခန်းမကျယ်ထဲ အမွှေးအမျှင်တွေက ခဲရောင်တစ်ကိုယ်လုံးကို အုပ်သွားတယ် သွေးအေးနဂါးငွေ့တန်းတွေမှာ ကံတရားရှိမလား ငါမယုံကြည်ဘူး ။ အဲ့ဒီလိုမျိုး ရတယ်မလား ။ Surplus Hardisk ပေါ်သိုမှီးထားတယ် အလံတော်အောက်က သစ္စာ သူ ငယ်ငယ်က ကျွန်တော် ။ အတိတ်ဆိတ်ဆုံး တောက်ပပြရမလား အတောက်ပဆုံး တိတ်ဆိတ်ပြရမလား ။ ကျွန်တော် ငယ်ငယ်က သူ ဂငယ်ကွေ့ တွေးနေတုန်း လက်ရှိ နှစ်ဆယ် မနေ့က နှစ်ဆယ် မနက်ဖြန် Y:\\--- ဆောင်းတွင်းတစ်တွင်းလုံး နှင်းတွေ စိမ်းသွားတာ (syntax shifts) ကိုယ်တိုင်မြင်ခဲ့ရ ဗလာဟင်းလင်း မြေပြင်ပေါ်မှာ လဲလျောင်းနေရ ။ မိုးစက်မိုးပေါက်တွေကနေ ကာထားရ ဟုတ်ပါတယ် တံတိုင်းတွေပြိုသွားတာ ဘာအကြံအစည်မှ မရှိဘူး ဒီအသက်ဒီအရွယ်က အမြဲတမ်း Under Construction စင်ပေါ်ကအရောင်တွေ ။ စင်ပေါ်ကလူတွေ ။ ငါတို့အကုန်လုံး Noah ရဲ့ လှေကြီးပေါ် အစပိုင်းနေ့ရက်တွေနဲ့ အစောပိုင်းရက်စွဲတွေနဲ့ နံရံအောက်ကိုစီးကျလာတဲ့ နောင်တတွေ Jesus of Suburbia သီချင်းကို ၉ မိနစ်...

အဲဒါ ငါမဟုတ်ဘူးလို့ ငါငြင်းတယ်

သစ္စာတရားကသာ မင်းကို မိသားစု ဖြစ်စေနိုင်တာ မိုးခိုရင်း မိုးစိုနေကုန်ပြီမို့လား တစ်ယောက်တစ်လက်စီလှည့် ဟောဒါ ပင်လယ်ကွေ့ ဟောဒါ ကွန်ရက်ဇုန် ဟောဒါ အဝန်းအဝိုင်းရာစုသစ် စာသားသက်သက် တည်ထားတဲ့ဝန်းကျင်တွေက အန္တရာယ်စက်ဝန်းထဲအရွေ့ ထိုးသွင်းထားတဲ့ ဆက်ကြောင်းက တစ်လိုင်းကန်ပြီး တစ်လိုင်းခုန်တက်လာ ဦးခေါင်းခွံပေါ်က သံခမောက်ကို အသင့်ပြင်အနေအထားအရ လီနီယာအတိုင်းမရောက်ဘူး လီနီယာအတိုင်းသွားတယ် မင်းကိုဘယ်သူမှမပေးဘူး လက်ထဲကနံရံကို ပင့်တင်ထားလိုက် ချည်ကြိုးနဲ့ကာထားတဲ့ ချည်တိုင်အရွေ့ကို စောင့်ဆိုင်းတိတ်ဆိတ်ရင်း ငါဟာ အခြားသဏ္ဍာန်တစ်ခုကို အသွင်ပြောင်းရင်း ကြယ်ဆက်ကြောင်းတွေ အက်ကွဲနေတယ် ငါ အိမ်မပြန်ချင်ဘူး တိမ်းလွယ်ညွတ်လွယ် အရေပြားတွေ ဆက်တိုက်လိုက်လာတယ် ဘယ်လိုအရာမှ မထိုက်သင့်ဘူး နွေရာသီက ငါတို့နာကျင်မှုတွေကို မြုပ်နှံထားတာ မြင်ထောင့်ပေါ် လိုက်ပြောင်းသွားတဲ့ တသီးတခြားသံသရာ မျဉ်းကွေးအတိုင်း တွေးခေါ်တယ် တတိယနာမ်စားကို သီးခြားကမ္ဘာတစ်ခု ၊ လွတ်မြောက်မှုက အခြားကမ္ဘာ စက်ရုံထဲမှာ စွန့်ပစ်စာသား - ငါမဟုတ်တာကို ငါ ကျိန်ဆိုပါတယ် ယုတ္တိမတန်တဲ့ကျိန်စာက ခရမ်းပြာရောင် ငါ့မှတ်ဉာဏ်တွေ     ပိုင်ဉာဏ် ...

အလုံပိတ်ဥမင်တစ်လျှောက် တစ်ညလုံးပြေးနေ

သံဇကာကွက်ကို လွန်းပျံပုံပေါ်အောင် ယှက်ဖောက်ထားတဲ့ အမျှင်တွေကြား လျှပ်တိုက်လျှောက်သွားတဲ့ စကားသံတွေကို ဖမ်းဆုပ်ယူနိုင်စွမ်း လဝန်းရဲ့အချင်းဟာ သစ်ကိုင်းခက်တွေရဲ့အနားကို တိတိရိရိ ပိုင်းထားတယ်။ အချိန်တစ်ခုရောက်တဲ့အထိ စိမ်းလန်းမလို့ဆို အမှောင်ထုကို ငှက်နက်တွေရဲ့ တောင်ပံနဲ့ ဖြည်းဖြည်းချင်း ခြစ်ထုတ်ပါးလျမခံရခင်အထိ တိမ်ထူတွေက စက်တင်ဘာထဲ ဝင်သွားပြီး အနောက်လေတွေက စက်တင်ဘာထဲက ပြန်ထွက်လာတာ။ အဲဒီလိုနဲ့ ပြီးဆုံးပျောက်ကွယ်သွားရခြင်းတွေရဲ့ နောက်တစ်ဖန် လျှို့ဝှက်သိမ်မွေ့မှုက ကျကျနနလှည့်စားပြန်ဦးမှာ။ လူရဲ့မှော်အတတ်ဟာ လူကို ကျော်လွန်သွားခဲ့တယ်။ ဆောင်းဦးရာသီ ကုန်သွားတဲ့အထိ လမ်းတွေက ကောက်ကွေ့နေ။ အစွန်းရောက်မျှော်လင့်ခြင်းအတတ်နဲ့ ဆွဲစုပ်ယူသွားခံရမယ့် လိပ်ပြာရောင်စုံတွေလည်း တဖျတ်ဖျတ်ပျံသန်းလို့ လည်ပတ်မှုက အရှေ့ဖြစ်ပြီး ရွေ့လျားမှုက နောက်ကို ဖြစ်နေတဲ့ကာလ ငါ့ရဲ့ဓါးရှည်တစ်လက်လိုမင်းရဲ့ကန္တာရ ငါတိုက်ပွဲဝင်ပါတယ်။ သံသရာအချင်းချင်းထိခတ်သွားတဲ့ လမ်းမှာ ပန်းတွေပွင့်ကိန်းလည်းရှိတယ်။ ငါ့ ကရကဋ်သံသရာက ဘယ်တော့မှ မငြိမ်းချမ်းဘူး။ ရိုးသားမှုကို ယုံပါ။ စိတ်မှန်းနဲ့ ခြယ်ထားတဲ့ဆေးရောင်တွေထဲက ညတစ်ညရဲ့အမျှင်တွေက တ...

လက်ရက်လွယ်အိတ်

ငါ့လွယ်အိတ်ကြီးထဲ နင့်တစ်ကိုယ်ရည်မီးတောက် ထည့်သိမ်းထားလို့ဆန့်တယ် အဖြစ်တစ်ခုမှာ ငါက တစ်နေရာမှာပဲ ရှိနေတာ ငါ့ဝန်းကျင်က လူတွေ လမ်းတွေ တိုက်တာတွေ ယာဉ်တွေ အရမ်းအမြန်ကြီး ဖြတ်ပျံသွား လွယ်အိတ်ကြီးထဲမှာ သိမ်းထားပါတယ် ခုထိရှိသေးတယ် နင့်စံတော်ချိန်မှာ မိုးရွာတယ် ဆိုတဲ့ / စိုတဲ့စာသား ဟိုးအဝေးမိုင်တွေဆီ စိတ်တွေမလွှင့်ဖူးဘူး တစ်ကိုယ်သုံးကွန်ပျူတာထဲက ငါ့အတိတ်က လက်ရှိငါ ပြန်ပြန်ဖြစ်နေတာမျိုး စာသားတွေက အတိတ်ဖြစ်သွားပြီး သတိရခြင်းက လက်ရှိအချိန်ဆီ ပြန်ရောက်လာတာမျိုး ငါ့လွယ်အိတ်ကြီး ကျကွဲဖူးပါတယ် နင်က ကိုယ်ယောင်ဖျောက်ထားတယ် သိစိတ်နဲ့ပေါင်းလိုက်တော့ သတိရခြင်းက ငါ့ကို ပိုလောင်တယ်       ပိုင်ဉာဏ်     2nd September 2013

ဆက်ကွင်းများဘက်ကအခြမ်း

(၁) ပိုပြီး သန့်စင်ကြည်လင်တဲ့ အစိတ်အပိုင်းဆီ နံရံတစ်လျှောက် ပိုင်းဖြတ်ထားတဲ့ နေ့တွေက ရက်သတ္တပတ်တွေ တစ်ရာသီပြီး နံရိုးတစ်လျှောက် တိုးဖွခေါ်သံ ပစ်ပယ်မှုတွေများလာတော့ ရပ်တန့်ပစ်လိုက်တဲ့ပုံစံတွေ ပါရာဒိုင်းကိုရွှေ့မို့ လက်ထဲက ထိန်းချုပ်ခလုတ်ခုံမှာ ပညာရပ်ဆန်ဆန်နာကျင်မှုသို့ ချိန်မှတ်နာရီတစ် နားစည်နံရံကို ထိရိုက်မိသမျှထဲ ထိခိုက်မိသမျှ ထိကျန်ခဲ့တဲ့ စာသားတွေက စတင်သင်ကြားပါတယ် ခုန်စရာနေရာမရှိတာ ပျံသန်းမှုအခြေပြု ဇာတ်ဆောင်သဘော သက်ရောက်နေစွမ်းအင်ကဏ္ဍအတွက် လိုင်းများက လူများကို ခေါ်ဆောင်ပြီး လူများက လိုင်းများ အနက်ရောင်ဒြပ်ဆွဲအားက နိုင်ငံတည်ဆောက်ရေး အတွေးအမြင်ကျရုပ် ဖြစ်တည်တယ် တစ်ခါပြန် အလည်အပတ် သီးသန့်စိတ်ရုပ် ချာတိတ်ဘဝမှာ ကြည်လင်ပါတယ် မနေ့က ပင်လယ်ကွေ့ဆီ ရောက်တယ် နာမ်ရုပ်ပဲရှိတယ် မြို့ပြကိုဖြတ်ပြီး လေအေးစီးကြောင်းရောက်လာတယ် ကမ္ဘာလုံးဆိုင်ရာ လူမှုစနစ်တစ်ခုလုံးက သမုတိသစ္စာတရား (၂) ကျွန်တော့်ကို မမြင်ရတဲ့ယာဉ်တစ်စင်း တိုက်သွားတယ် မမြင်ရပေမယ့် ယာဉ်ဆိုတာတော့ ကျွန်တော်သေချာတယ် တိုက်ခံရတာ ကျွန်တော်ဆိုတာလည်း သေချာတယ် ထင်တယ် ဒီ့ထက်မပိုဘူး ဒီ့ထက်မလျော့ဘူး ဒီပွိုင့်မှာ တန်းနေတာ ဖြစ်စဉ်တစ်ခုလု...

လူလုပ်မှတ်ဉာဏ် - ၈

ရေငုပ်သင်္ဘောတစ်စင်း ကျွန်တော့်အိမ်တံခါးဝ ရောက်လာတယ်မဟုတ်လား။ မဟုတ်ပါဘူးဗျာ။ ခင်ဗျားပဲစစ်ကြည့်လိုက်ပါ။ ယူဘုတ်လားဆိုတာ။ လရောင်ဆိုနာတာ။ အိပ်မက်တစ်ခုမက်ဖို့ အိပ်ခြင်းတရား လိုတာပဲ။ အပြန်ပြန်အထပ်ထပ် လေ့ကျင့်သင်ယူခြင်းမှ လွတ်ကင်းရာ။ နာဗားနားက တစ်နေရာ ကိုယ်ကတစ်ခု သိမှုအာရုံနတ္ထိနဲ့ အကြေးခွံမာဖြစ်တည်မှု။ သမိုင်းစဉ်ဟာ တစ်ပတ်လည်တယ်။ နှစ်ပတ်လည်တယ် ရယ်ရွှင်ဖွယ်ရာ ဟာသပြဇာတ်အဖြစ်။ နှစ်ပေါက်တဲ့အထိ နှစ်သစ်မကူးကြသေးဘူး။ ဤ၊သည်၊ထို၊၎င်း၊ယင်း အခြားစပေ့စ်။ ခြုံထည်ထဲကလက်ထဲမှာ မှော်ကြိမ်လုံးကို တင်းတင်းဆုပ်ကိုင်ထားတယ်။ မီးခိုးငွေ့တလူလူနဲ့ သံထည်ရထားကြီး ကျွန်မရှေ့မှာ။ အော့ဇ်ဝဇ်ကို အလည်အပတ်ပဲ သွားပါရစေရှင်။ တိုက်ခိုက်ရေးတပ်စု၏ အထူးစစ်ဆင်ရေးမှာ အကျအဆုံး ၄၇ ရာခိုင်နှုန်း။ ဤခရီးနီးလာပြီ - ခြေလျင်လာရ၏ - စစ်ပွဲအသစ်ပါသလား - ကျင့်ဝတ်အတုံးများ ယူလာပါသည်။ တရားရေးနည်းလမ်းအရ ရှင်းလင်းဖို့ လိုပါသေးတယ် အချိန် ၊ စပေ့စ် ။ ငါးတွေက တိတ်ဆိတ်လွန်းတယ်။ ငါက သွေးအေးသတ္တဝါပါ အိန်ဂျယ်။ အရင်လိုပဲ နင့်ဓာတ်ပုံလေးက ငါ့ကိုငြိမ်းချမ်းစေတယ်။ ငါ့မှာ နင့်ဆီက ငြိမ်းချမ်းမှုပဲလိုတာ။ ရီဆိုင်ကယ်လုပ်သင့်တဲ့ စည်းနှောင်မှုတွေကို ငါ...