Posts

Adroit Flames to my heaven / ငါ့နိဗ္ဗာန်အတွက် စံနှုန်းပြည့်မီးတောက်တွေ

    Adroit Flames to my heaven Honestly, you will see for sure. I just don't feel comfortable with some happy folk. The void still remains in my ego and steadily eats me alive. Since then, I have never survived from my own collapsing world. The darkness is burning me bright in your woods. Pardon, but I don't know you anymore. The wall is currently blurring my poor line of sight. I was blocked exclusively for nearly a century. You don't scare the shit out of me. The pool had been killed and resurrected like three times already. I just don't mess with me and I just dived into my abyss. FYI, I does not equal to I. They are trying to stab me but I am only trying to terminate their existences. Beyond gold, the fire catches and never comes to an end. I'm running in your tunnel and I don't even try to get out of here. People arm themselves with fangs and smiles. My being here and being now is so vulnerable and I like this shit. I don't mean any...

မြို့သားတွေရဲ့ သေနတ်ပစ်ခန်း

မြို့ဟာ အသံတိတ်ရုပ်ရှင်ကားလို ကိုယ်ဟန်အနေအထားမျိုးနဲ့ သူ့ကိုပွေ့ထားတယ်။ ဒါဟာ အရှိတရားပါ။ ဒါဟာ အမှန်တရားပါ။ ဘယ်လောက်များသေချာလိုက်သလဲ။ စားပွဲပေါ်မှာတင်ထားတဲ့ တယ်လီဖုန်းက အရူးအမူးမြည်နေတယ်။ ဖြိုဖျက်ပြီးမှ ပြန်လည်တည်ဆောက်မယ့်မြို့နဲ့ မပြီးနိုင်မစီးနိုင် လူထုအခြေပြမိန့်ခွန်း။ ငါ့ရဲ့မသိစိတ်ထဲမှာ တွေ့ရမယ့် အတိမ်မြုပ်ခံလိုအင်တွေရဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်း။ အရာအားလုံးငြိမ်သက်သွားတဲ့အချိန်မှာ ငါ့ဖြစ်တည်မှုက ဘယ်လောက်သေချာလိုက်သလဲ။ ဇာတ်လမ်းထဲမှာ သေနတ်တစ်လက်ကို မြင်တယ်။ တစ်ချိန်ချိန်တော့ ပစ်ကိုပစ်ရမှာ။ ဒီလိုမျိုး မြို့က ငါ့ငြီးငွေ့မှုထုထည်ကြီးကို ထမ်းထားရတာပဲ။ ပိတ်ပြီးပြန်ဖွင့်တော့ ငါ့ကိုယ်ငါ အုတ်တွေတပိုင်းတစပြိုကျနေတဲ့ ဝတ်ကျောင်းတော်အလယ်မှာ တွေ့တယ်။ လိဒ်ဂစ်တာတစ်လက်ကို အရူးအမူးတီးခတ်နေတယ်။ ခေါင်းစွပ်ဝတ်ရုံအနက်တွေနဲ့ နတ်ဘုရားတွေရဲ့တယောသံက နောက်ခံဂီတ။ ငါဖတ်လက်စ စာအုပ်ထဲက စာသားတစ်ချို့ပျောက်သွားပြီး လိပ်ပြာတစ်ကောင်ဝင်ရောက်လာတယ်။ မှတ်ဉာဏ်တွေက သိပ်ကိုနာကျင်ရတယ်။ တစ်ခါတစ်ခါ စဉ်းစားမိတာ ငါဘယ်တော့မှပြန်မရောက်နိုင်မယ့်နေ့တွေဆီကို။ ငါတို့တွေ ဘာဖြစ်နေဖြစ်နေ မြို့ဟာ ဆက်သွားနေဖို့လိုပါတယ်။ ဘယ်တော့...

ပိတ်ပြီးပြန်ဖွင့်တော့ တံခါးကိုတွေ့တယ်

နာရီလက်တံအတိုင်း လည်တယ် တော်တော်ကြာကြာနေထိုင်ရဦးမှာ ပန်းချီကားထဲကို ခုန်ဝင်သွားကြတယ် တအားကိုလေးပင်လွန်းတယ် မြောက်ဝင်ရိုးစွန်းဆီ နောက်ဆုံးတော့ ရောက်ဖူးတာပဲ လိုင်းတွေအဖြစ်နဲ့ ငြိမ်သက်သွား had been sort of lost တကယ်တော့ အမွေးပွပွဝက်ဝံရုပ်လေးပါပဲ ယဉ်ကျေးမှုဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ပါပဲ ငါ့အပေါ်ဖိစီးနေတဲ့ စနစ်အဆောက်အအုံပါပဲ နာနိုချစ်ပ်ပြားတစ်ခုလို ရာဇပလ္လင်တစ်ခုလို cut the crap ကတိုက်ကရိုက် ပြန်ထွက်လာကြတယ် ဦးခေါင်းခွံထဲက ကျည်ဆန်ထိပ်ဖူးလို ပြုမူတယ် တီဗွီချန်နယ်မှာ တိုက်ရိုက်ပြနေတယ် ဟုတ်ပါတယ် နေကောင်းတယ် အလုပ်မှာ စိတ်အရမ်းပင်ပန်းတယ် ― ― ― ဖျတ်ဆို ပြတ်တောက်သွား ပျော်စရာအတိ ထင်ခဲ့မိတာ မီးသတ်ကားဥသြသံကို လက်ဆင့်ကမ်းပေးပါ အလိပ်လိုက် အခွေလိုက် ကြွေကျလာတယ် တော်တော်လေးနားလည်ပေးကြတယ် ဘယ်သူ့တော်လှန်ရေးလဲ နံရံတစ်ချပ်လို သဘောထားတယ် သူ့ကိုတော့ဖြင့် ဂရုစိုက်ပေးပါ နောက်ဆုံးစာမျက်နှာကို မဖတ်တော့ဘူး သူပုန်စိတ်လေးအနည်းအကျဉ်းတော့ ကျန်သေးတာပဲ     ပိုင်ဉာဏ်     24th January, 2013

ပြေးလမ်း

"ဆူညံသံတွေကနေကင်းလွတ်အောင် ငါ့နားတွေကိုဖုံးကွယ်ထားလိုက်တယ် ဘာတွေကြောင့်များ ငါတို့တစ်ယောက်ကိုတစ်ယောက် နာကျင်စေနေကြရတာ" အလင်းရောင်ကျတာ မလုံလောက်ဘူး ဒီမှာ အဖြူရောင်အမည်းရောင်ပုံရိပ်ယောင် နေရာကနေ ထွက်ခွာဖို့ ဆိုက်ရောက်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ် အရင်လိုလူသားဆန်တဲ့ အတွင်းသားပျောက်ဆုံးသွားပြီး အပြင်ခွံသက်သက်ချည်းပဲကျန်ခဲ့ရင်တောင် ငါတို့ဆက်ပြေးနေကြရ အက်ရာတွေနဲ့မြို့ကို အနွေးဓာတ်ကျတာ မလုံလောက်ဘူး လမ်းတွေဆီ တဆက်တစပ်တည်းရောက်သွားပြီး ကိုယ်တွင်းအစိတ်အပိုင်းတစ်ခုလိုမျိုး ။ ဒဏ်ရာမတွေ့တဲ့လွင်ပြင်ထဲ ဇာတ်ဆောင် တစ် - နှစ် - သုံး - တစ် ရာစုနှစ်များစွာကခရီးသွားရဲ့ ဓားမြောင်ရှည်ကို နတ်ကွန်းထဲမှာ ရသွားတယ် လက်ရှိငါကို အတိတ်ငါက အခါအားလျော်စွာ သတိပေးတားမြစ်ချက် စက္ကူတွေ လေယာဉ်လိုဖြတ်ပျံသွားတော့ ငါ့နားတွေကို ဖုံးကွယ်ထားလိုက်တယ် ကားရေဒီယိုကို ၉၃.၇ မဂ္ဂါဟက်ဇ် အက်ဖ်အမ် ပြောင်းကြည့်မိ 'All we are is dust in the wind' - သီချင်းစာသားတွေ လွင့်ကျလာ မှန်သားကိုဖြတ်ပြီး စိုက်ဆင်းလာတယ် အလင်းတွေတအားစူးလို့ ငါ့မျက်လုံးကို ဖုံးကွယ်ထားရတယ် တိုက်ခိုက်မှုအပြီး ရှင်ကျန်သူတွေထဲမှာ မင်းက ရ...

လူလုပ်မှတ်ဉာဏ် - ၉

  အကွာအဝေး(၁)     ဒီဇင်ဘာဆီ နောက်ပြန်ရောက်သွားရပါဦးမည်။ ဒီဇင်ဘာသည် သံသရာအဆက်ဆက်အတိတ်တစ်ခုဖြစ်သလို သက်တန့်ရောင်မှတ်ဉာဏ်တစ်ခုလည်းဖြစ်သည်။ အရှေ့တိမ်တွေအရွေ့အတိုင်းသွားနေရာမှာ လည်ပတ်မှုကအနောက်ဆီသို့ ဦးတည်နေသော အခိုက်အတန့်။ ကြယ်တံခွန်လို အထိုက်အလျောက်စီးဆင်းခဲ့ဖူးသည်။ ဒီဇင်ဘာအရောက်တွင်တော့ တင်းထားသမျှခွန်အားများ ကျိန်စာပြယ်သလို ပျက်ပြယ်ခဲ့ရသည်။ မျက်ဝန်းများနောက်မှအလင်းကို တမက်တမော ရှာဖွေခဲ့မိသည်။ ဒီဇင်ဘာကိုယ်တိုင်သိပါသည်။ အလင်းကိုတွေ့သည်။ မျက်ဝန်းတွေကတော့ သံသရာတလျှောက် ပုန်းခိုထွက်ပြေးသွားဟန်တူသည်။ အဝေးဆီမှ Andromeda ကြယ်စင်စုကို အစားထိုးသတိတရစိတ်ဖြင့် ငေးကြည့်နေမိဆဲမှာပင် အလင်းနှစ်သန်းပေါင်းများစွာအကွာအဝေးသို့ ရောက်လွင့်သွားခဲ့ရသည်။ သို့နှင့်ပင် အလင်းလိုနှင်းသည်းများကြားမှ ခရီးရှည်ချီကာ ဒီဇင်ဘာဆီနောက်ပြန်ရောက်သွားရပါဦးမည်။ အကွာအဝေး(၂) “အိန်ဂျယ်က ငါ့ကိုမှတ်မိသွားတယ် နှုတ်ခမ်းဝိုင်းလေး ဟသွားတယ် မျက်နက်ဝန်းလေး လွှဲသွားတယ် ကိုယ်ပိုင်ယဉ်ကျေးမှုတွေ ဆွံ့အကျသွားသလို”     ကံကြမ္မာဆိုတဲ့ဟာက ဓါတ်ငွေ့ကာမျက်နှာဖုံးတပ်ပြီးလည်း ရောက်ချလာတတ်တယ်။ ငါတို့ထိုင်နေတဲ့ကမ်...

primitive dome model

မြေအောက်လှိုဏ်ခေါင်းထဲ တရှိန်ထိုးတွားသွားနေတဲ့ ရထားတစ်စင်းလို ။ လက်ဖမိုးပေါ် ဖိညှစ်ထားတယ် ။ ဝတ်လွှာအောက်က ဝတ်ရုံအောက်မှာ သွေးခုန်နှုန်း ခိုက်ချက်တစ်ချက်ထိ ။ လိုရာသုံးဝါစင်္ဂပဲ ကိုယ့်ဆရာ ။ ဆေးရုံပေါ်မှာ ရတဲ့ရနံ့ကို သိပ်ကြိုက်တာပဲ ။ အတွေးကိုမီးရှို့ပြီးရလာတဲ့ ပြာမှုန်စတွေကို ငါ အသေအချာသိမ်းထား ။ အလျင်တစ်ခုဟာ ။ အမြဲလို ။ ရေစက်လက်ကျနေတဲ့ နံရံက ကြမ်းခင်းကို လှမ်းအော်တယ် ။ သံသရာအဆက်ဆက် ညွတ်ကိုင်းရပါလို၏ ။ ညောင်ရွက်တွေဆီ ဆုတောင်းတယ် ။ ဗဟိုဦးစီးစနစ်တစ်လှည့် တော်လှန်ရေးစနစ်တစ်လှည့် ။ ကာလတာရှည် သမိုင်း ။ မီးတောက်တစ်တောက်မဟုတ်ဘူး ။ မီးစတစ်ပေါက်က စခဲ့တာ ။ ငါတို့ဟာ အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်ခံဆိတ်တွေ ။ အပတ်တကုတ်ချီတက်လော့ ။ သွေးရည်ကြည်တွေခဲပြီး သွေးမတိတ်တော့ ။ တန်ဖိုးဆိုတာ ငါ့အတွေးထဲမှာ တည်မှီတယ် ။ ၆ လှမ်းလျှောက်ပြီး လဲကျတော့ ချီတက်သူတွေရဲ့အပြစ်ပေါ့ ။ လှံရှည်ကိုင်မြင်းတပ်ရဲ့ ဘာသာစကားအလုပ်ပေါ့ ။ အဝေးရောင်မီးပြတိုက်နဖူးစီးမှာ ဇီဝဆိုင်ရာတားမြစ်ချက်တွေ ။ Amen ငါ့သံသရာကို ယူ ခေါက်သိမ်းထားပေးမယ်မလား ။ ဒီလိုပုံစံခွက်ပါ ။ အထီးကျန်နိုင်မှုက အထီးကျန်ဆန်မှုမဟုတ်မှန်း တခမ်းတနား သိလာရ ။ မျက်လုံးဖ...

အချိန်ဟာ လှေကားတစ်ခုဖြစ်မယ် ငါတော်တော်မတ်စောက်ပင်ပန်းစွာ

*အချိန်ဟာ လှေကားတစ်ခုဖြစ်မယ် ငါတော်တော်မတ်စောက်ပင်ပန်းစွာ* ကြိုးပေါ်တန်းထားတဲ့ တကယ့်အစစ်အမှန်လက်တွေ့ ။ ဆံနွယ်ခွေချထားတာကအဆုံး ပိတ်ထားလို့ရတဲ့အသံနဲ့ ပိတ်မထားတဲ့အသံ တိုက်ဆိုင်ထားတဲ့ ခန်းမကျယ်ထဲ အမွှေးအမျှင်တွေက ခဲရောင်တစ်ကိုယ်လုံးကို အုပ်သွားတယ် သွေးအေးနဂါးငွေ့တန်းတွေမှာ ကံတရားရှိမလား ငါမယုံကြည်ဘူး ။ အဲ့ဒီလိုမျိုး ရတယ်မလား ။ Surplus Hardisk ပေါ်သိုမှီးထားတယ် အလံတော်အောက်က သစ္စာ သူ ငယ်ငယ်က ကျွန်တော် ။ အတိတ်ဆိတ်ဆုံး တောက်ပပြရမလား အတောက်ပဆုံး တိတ်ဆိတ်ပြရမလား ။ ကျွန်တော် ငယ်ငယ်က သူ ဂငယ်ကွေ့ တွေးနေတုန်း လက်ရှိ နှစ်ဆယ် မနေ့က နှစ်ဆယ် မနက်ဖြန် Y:\\--- ဆောင်းတွင်းတစ်တွင်းလုံး နှင်းတွေ စိမ်းသွားတာ (syntax shifts) ကိုယ်တိုင်မြင်ခဲ့ရ ဗလာဟင်းလင်း မြေပြင်ပေါ်မှာ လဲလျောင်းနေရ ။ မိုးစက်မိုးပေါက်တွေကနေ ကာထားရ ဟုတ်ပါတယ် တံတိုင်းတွေပြိုသွားတာ ဘာအကြံအစည်မှ မရှိဘူး ဒီအသက်ဒီအရွယ်က အမြဲတမ်း Under Construction စင်ပေါ်ကအရောင်တွေ ။ စင်ပေါ်ကလူတွေ ။ ငါတို့အကုန်လုံး Noah ရဲ့ လှေကြီးပေါ် အစပိုင်းနေ့ရက်တွေနဲ့ အစောပိုင်းရက်စွဲတွေနဲ့ နံရံအောက်ကိုစီးကျလာတဲ့ နောင်တတွေ Jesus of Suburbia သီချင်းကို ၉ မိနစ်...

အဲဒါ ငါမဟုတ်ဘူးလို့ ငါငြင်းတယ်

သစ္စာတရားကသာ မင်းကို မိသားစု ဖြစ်စေနိုင်တာ မိုးခိုရင်း မိုးစိုနေကုန်ပြီမို့လား တစ်ယောက်တစ်လက်စီလှည့် ဟောဒါ ပင်လယ်ကွေ့ ဟောဒါ ကွန်ရက်ဇုန် ဟောဒါ အဝန်းအဝိုင်းရာစုသစ် စာသားသက်သက် တည်ထားတဲ့ဝန်းကျင်တွေက အန္တရာယ်စက်ဝန်းထဲအရွေ့ ထိုးသွင်းထားတဲ့ ဆက်ကြောင်းက တစ်လိုင်းကန်ပြီး တစ်လိုင်းခုန်တက်လာ ဦးခေါင်းခွံပေါ်က သံခမောက်ကို အသင့်ပြင်အနေအထားအရ လီနီယာအတိုင်းမရောက်ဘူး လီနီယာအတိုင်းသွားတယ် မင်းကိုဘယ်သူမှမပေးဘူး လက်ထဲကနံရံကို ပင့်တင်ထားလိုက် ချည်ကြိုးနဲ့ကာထားတဲ့ ချည်တိုင်အရွေ့ကို စောင့်ဆိုင်းတိတ်ဆိတ်ရင်း ငါဟာ အခြားသဏ္ဍာန်တစ်ခုကို အသွင်ပြောင်းရင်း ကြယ်ဆက်ကြောင်းတွေ အက်ကွဲနေတယ် ငါ အိမ်မပြန်ချင်ဘူး တိမ်းလွယ်ညွတ်လွယ် အရေပြားတွေ ဆက်တိုက်လိုက်လာတယ် ဘယ်လိုအရာမှ မထိုက်သင့်ဘူး နွေရာသီက ငါတို့နာကျင်မှုတွေကို မြုပ်နှံထားတာ မြင်ထောင့်ပေါ် လိုက်ပြောင်းသွားတဲ့ တသီးတခြားသံသရာ မျဉ်းကွေးအတိုင်း တွေးခေါ်တယ် တတိယနာမ်စားကို သီးခြားကမ္ဘာတစ်ခု ၊ လွတ်မြောက်မှုက အခြားကမ္ဘာ စက်ရုံထဲမှာ စွန့်ပစ်စာသား - ငါမဟုတ်တာကို ငါ ကျိန်ဆိုပါတယ် ယုတ္တိမတန်တဲ့ကျိန်စာက ခရမ်းပြာရောင် ငါ့မှတ်ဉာဏ်တွေ     ပိုင်ဉာဏ် ...